MNP - ဩဂုတ် ၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ တရုတ်စကားပြော အခြေခံသင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ၄ နာရီခွဲက ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလှဌေးက သင်တန်းဆင်းအမှာစကား ပြောကြားသည်။
ထို့နောက် မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ထက်က ယူချိန်တရုတ်ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးယူလန်ချင်းအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး တရုတ်စကားပြော အခြေခံသင်တန်းနည်းပြ ဆရာက သင်တန်းသူ၊ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါ တရုတ်စကားပြော အခြေခံသင်တန်းကို ကချင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် ယူချိန်တရုတ်ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းကျောင်းတို့ ပူးပေါင်း၍ ဇူလိုင်လ ၂ ရက်နေ့မှ ဩဂုတ်လ ၅ ရက်နေ့ထိ (၁) လကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
သတင်း - ယော်ဆောင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment