MNP - ဩဂုတ် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ပထမအကြိမ် မြို့မိမြို့ဖများက ဝါတွင်းကာလ ဝါဆိုတော်မူကြမည့် ဆရာတော်၊ သံဃာတော်များ၊ စာသင်စာချ သံဃာတော်များအား ဆွမ်းဆန်တော်နှင့် ဆီများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ ထေရဝါဒ ဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်းဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တဘဒ္ဒိယထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ မိုင်းယောင်း တပ်နယ် တပ်နယ်မှူး၊ ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးနွယ်၊ မြို့မိမြို့ဖနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုတို့က ဆွမ်းဆန်တော်နှင့် ဆီတို့ကို ဆရာတော်၊ သံဃာတော်များထံ အသီးသီးဆက်ကပ်လှူဒါန်းကြပြီး ထေရဝါဒ ဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်းမှ လက်ထောက်ဆရာတော် ဦးသုနန္ဒက အနုမောဒနာတရား ဟောကြားချီးမြှင့်တော်မူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ထို့ပြင် ခရိုင်/မြို့နယ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ ကျောင်းတိုက်အတွင်း သန့်ရှင်းရေး လုပ်အားဒါန ကုသိုလ်ပြုခဲ့ကြောင်းလည်း သိရသည်။
သတင်း - စိုင်းအောင်ဇော်လင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment