ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး လမ်း/တံတား တည်ဆောက်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး လမ်း/တံတား တည်ဆောက်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး






MNP ၊ ဩဂုတ် ၂၈

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန် - ပြည် - မကွေး - မန္တလေး လမ်း (မကွေး - အောင်လံ)လမ်းအပိုင်း ပြုပြင်ထိန်းသိမ်းထားရှိမှုကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတံတား (သရက် - အောင်လံ) တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင် အောင်လံဘက်ကမ်းသို့ရောက်ရှိပြီး ချဉ်းကပ်တံတား ဆောင် ရွက်ပြီးစီးသည့်အပိုင်း၊ ရေလယ်တိုင်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်တံတားချဉ်းကပ်လမ်းများ ဆောင်ရွက်ရမည့် လုပ်ငန်း အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စီမံကိန်းလုပ်ငန်းခွင်ရှင်းလင်းဆောင်ရှုရပ်မှ မြစ်ရေတက်ချိန် ရေလယ်တိုင်လုပ်ငန်းများ အန္တရာယ်ကင်းစွာဆောင်ရွက်နိုင်မည့်အခြေအနေနှင့် ရေကြောင်းသွားသင်္ဘောများ အန္တရာယ်ကင်းရှင်းရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။


ဧရာဝတီတံတား (သရက် - အောင်လံ)သည် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်တွင် တည်ရှိပြီး ဧရာဝတီမြစ် အရှေ့ဘက်ကမ်း အောင်လံခရိုင်၊ အောင်လံမြို့နှင့် အနောက်ဘက်ကမ်း သရက်ခရိုင်  သရက်မြို့တို့ကို ဆက်သွယ်တည်ဆောက်ထားခြင်းဖြစ်ပြီး တံတားကြီး၏အရှည်မှာ (၂၂၇၂ ဒသမ ၅)မီတာ၊ ယာဉ်သွား လမ်းအကျယ် (၈ ဒသမ ၅)မီတာ၊ လူသွားလမ်း တစ်ဖက်လျှင် (၁)မီတာစီပါရှိပြီး၊ တံတား အောက်ရေလမ်းကင်းလွတ်အကျယ် မီတာ(၁၃၀)နှင့် အမြင့်(၁၆)မီတာရှိကာ တံတားအမျိုးအစားမှာ သံမဏိသံပေါင်ခုံးတံတားအမျိုးအစားဖြစ်ကာ တံတား၏ခံနိုင်ဝန်မှာ AASHTO HS-25 Loading ဖြစ်သည်။ ယခုအခါ တံတားကြီး တစ်စင်းလုံးပြီးစီးမှုမှာ (၅၂ ရာခိုင်နှုန်း) ဖြစ်ကြောင်းသိရသည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ခြမ်းရှိ (ရန်ကုန် - ပြည် - မကွေး - မန္တလေးလမ်း)အပိုင်းအား B.O.T စနစ်ဖြင့် မက်(စ်) ဟိုင်းဝေးကုမ္ပဏီမှ  လမ်းပြုပြင် ထိန်းသိမ်းထားရှိမှုနှင့် မိုင်တိုင်အမှတ် (၁၅၇/၃)နှင့် (၁၅၇/၅)အကြား မျက်ကွယ်ကွေ့နေရာတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် လမ်းဖြောင့်ဖောက်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လမ်းပုခုံးများ သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ရန်နှင့် လမ်းနယ်များအား စနစ်တကျသတ်မှတ်ဆောင်ရွက်ရန် တာဝန်ရှိသူ များကို မှာကြားသည်။


ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လမ်းဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ရုံးတွင် တိုင်း/ခရိုင်/မြို့နယ်ရှိ အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့်အထူးအဖွဲ့များမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များကို မှာကြားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)