MNP - ဩဂုတ ၂၅
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးကျင်းပသော မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၁၆)နှစ်အောက် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲ အချိန်က ပေါ့မိုင်းရပ်ကွက် မြို့နယ်ပြည့်သူ့အားကစားကွင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဗိုလ်လုပွဲအဖြစ် (အထက)ဘောလုံးအသင်းနှင့် အထက(ခွဲ) နားခံဘောလုံး အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ (အထက)အသင်း က ၃ ဂိုး သုညဖြင့်အနိုင်ရခဲ့သည်။
ဆက်လက်၍ ဆုပေးပွဲကိုကျင်းပရာ နေရာအလိုက်အကောင်းဆုံးဆုရရှိကြသော အားကစားသမားများ၊ ပူးတွဲတတိယဆုရရှိသောအသင်း နှစ်သင်းနှင့် ပထမဆု၊ ဒုတိယဆု ဆွတ်ခူးရရှိကြသော အသင်းများအား မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တစ်ဦးချင်း ဆုတံဆိပ်ဆွဲပြားများ၊ ဒိုင်းဆုနှင့် ငွေသားဆုများကိုချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်း - မျိုးညွန့်ရွှေ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment