ရခိုင်ပြည်နယ် မောင်တောမြို့၌ ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားပြုလုပ်



MNP - ဩဂုတ်   ၂၅


ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် သာသနာ့ဗိမာန်တော်ကြီး အတွင်း ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မောင်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် အာဟာရဖွံ့ဖြိုးတိုးတက်ရေး၏ အရေးပါပုံကို ပြည်သူ့လူထုမှ ပိုမို သတိပြုမိလာစေပြီး အာဟာရဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားစေရေး၊ လူသားများအားလုံး အသက်ရှင်သန်ရေး၊ ကိုယ်ခန္ဓာဖွံ့ဖြိုးရေးနှင့် ဦးနှောက်အသိဉာဏ်ဖွံ့ဖြိုးရေးအတွက် နေ့စဉ်စားသုံးသည့် အစားအစာများသည် သန့်ရှင်းပြီး အာဟာရဓာတ်များ ပြည့်ဝရန်လိုကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးမှုအတွက် အခြေခံကျသည့် ကျောင်းသားလူငယ်များ ကျန်းမာသန်စွမ်းရေး အာဟာရဖွံ့ဖြိုးစေရန် အာဟာရ စောင့်ရှောက်ရေးနှင့် ကျောင်းကျန်းမာရေး လုပ်ငန်းများကို အတူဆောင်ရွက်လိုကြောင်း စသည့်တို့ကို ပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ နုကေသီစံမှ အာဟာရရက်သတ္တပတ် ကျင်းပပြုလုပ်ရခြင်းများနှင့် ကျန်းမာရေး လှုပ်ရှားမှုအကြောင်း သိကောင်း စရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အာယာရဆိုင်ရာ ဗဟုသုတများကို Video ပြသခြင်း၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုအထိမ်းအမှတ် ကျင်းပပြုလုပ်ခဲ့သော ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား၊ကျောင်းသူများ၊ ဟင်းချက်ပြိုင်ပွဲ၊ ကိုယ်ဝန်ဆောင်မိခင်နှင့်စံပြ မိခင်ပြိုင်ပွဲများမှ  ဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ နုကေသီစံ၊ မြို့နယ်မိခင်နှင့်ကလေးအသင်းဥက္ကဋ္ဌ  ဒေါ်ကေသွယ်ခိုင် နှင့် တာဝန်ရှိသူများက  ဆုများအသီးသီးချီးမြှင့် ပေးခဲ့ကြသည်။


ယင်းနောက် အသက်(၅)နှစ်နှင့်အောက် ကလေးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် တာဝန်ရှိသူများက ဗီတာမင်အေနှင့် သံချဆေးတိုက် ကျွေးခဲ့ကြပြီး  အခမ်းအနားသို့ တက်ရောက်လာသူများက ခင်းကျင်းပြသထားသော အာဟာရအုပ်စုများ၊ ဆုရပန်းချီများ၊ စာစီစာကုံးများ၊ ပညာပေးပို့စတာများနှင့် ဓာတ်ပုံများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ  ဉာဏ်စမ်းမေးခွန်းများဖြေဆိုပြီး လက်ဆောင်ပစ္စည်းများနှင့် အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။


သတင်း - အောင်ကျော်စိန်၊ သက်လွင်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)