ကျောက်တန်းမြို့နယ်တွင် ပန်းတောကျေးရွာအုပ်စုမှ လယ်ယာမြေ ၈၇.၁၆ ဧကအတွက် မြေယာလျော်ကြေးပေးအပ်ခြင်းအခမ်းနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တန်းမြို့နယ်တွင် ပန်းတောကျေးရွာအုပ်စုမှ လယ်ယာမြေ ၈၇.၁၆ ဧကအတွက် မြေယာလျော်ကြေးပေးအပ်ခြင်းအခမ်းနားကျင်းပ



MNP - သြဂုတ်   ၈


ဆောက်လုပ်ရေးဝန်ကြီးဌာနလမ်းဦးစီးဌာနမှ ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်း မြို့နယ်တွင် ပန်းတော-မီးပြ ကားလမ်းဖောက်လုပ်ရာတွင် ပါရှိသွားသော ပန်းတောကျေးရွာ အုပ်စုမှ လယ်ယာမြေ ၈၇.၁၆ဧကအတွက် မြေယာလျော်ကြေးပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်လမ်းဦးစီးဌာနတွင် ကျင်းပခဲ့သည်။


အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဦးဘုန်းခန့်အောင်က အဖွင့်မှာစကားပြောကြခဲ့သည်။ ထို့နောက် မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဒေါ်မိမိခိုင်က အမှာစကား ပြောကြားရာတွင် ပန်းတောကျေးရွာအုပ်စုမှ လယ်သမား(၄၄)ဦး၏ လယ်ယာမြေ၈၇.၁၆ ဧကအတွက် တစ်ဧကလျှင် ကျပ်သိန်း၅၀နူန်းဖြင့် ငွေကျပ် ၄၃၅၈ သိန်းအား ပေးအပ်သွားမှာဖြစ်ပြီး ပထမအကြိမ်အနေဖြင့် ၈ ဦးအား ပေးအပ်သွားပြီ ကျန်ရှိသည့်လူများကိုလည်း  ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)