သရက်ချောင်းမြို့နယ်တွင် ဝက်မွေးမြူရေးနှင့်ဝက်ရောဂါများအကြောင်း သိကောင်းစရာ ရက်တိုသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သရက်ချောင်းမြို့နယ်တွင် ဝက်မွေးမြူရေးနှင့်ဝက်ရောဂါများအကြောင်း သိကောင်းစရာ ရက်တိုသင်တန်းဖွင့်လှစ်

 


MNP - ဩဂုတ်   ၁၂


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဆိပ်ဖြူပြင်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ဝက်မွေးမြူရေးနှင့် ဝက်ရောဂါများအကြောင်း သိကောင်းစရာ ရက်တိုသင်တန်းကို ယမန်နေ့က စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။


သင်တန်းတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဝင်းဗိုလ်နှင့် ထားဝယ်ခရိုင် ဦးစီးမှူးဒေါက်တာသန်းဌေးတို့က သင်တန်းအဖွင့်အမှာစကားပြောကြားပြီး သင်တန်းဆရာများက ဝက်မွေးမြူရေးအကြောင်းနှင့်ဝက်ရောဂါများအကြောင်း သိကောင်းစရာများကို ဆက်လက် ဆွေးနွေး ပို့ချပေးခဲ့ကြောင်းသိရသည်။


အဆိုပါသင်တန်းတွင် ဒေသခံ တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းနှင့် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းမှ ဒေသခံပြည်သူ(၃၅)ဦး တက်ရောက်ခဲ့ကြောင်း အဆိုပါသင်တန်းကို (၂)ရက်ကြာ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - နန်းခလိုက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)