ကျောက်ဆည်မြို့၌ ဥပဒေရေးရာဝန်ကြီးဌာန နှစ်ပတ်လည်နေ့နှင့် စာတမ်းဖတ်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့၌ ဥပဒေရေးရာဝန်ကြီးဌာန နှစ်ပတ်လည်နေ့နှင့် စာတမ်းဖတ်ပွဲအခမ်းအနားကျင်းပ



MNP - ဩဂုတ်   ၃၀


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ ဥပဒေရေားရာဝန်ကြီးဌာန နှစ်ပတ်လည်နေ့နှင့် စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီက ခရိုင်ဥပဒေရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် ကျောက်ဆည်ခရိုင်ဥပဒေရုံးမှ ခရိုင်ဥပဒေအရာရှိ ဦးသိန်းထွန်းက ၂၀၂၂ ခုနှစ် ဩဂုတ်လ(၃၀)ရက်နေ့တွင်ကျရောက်သည့် ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ဥပဒေရေးရာဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည့် (၁)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဥပဒေရေးရာဝန်ကြီးဌာန ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ ဥပဒေပညာသည်အကျင့်သိက္ခာနှင့် ပြည့်စုံသောပညာဖြစ်သည်ဆောင်ပုဒ်နှင့်အညီ ဌာန၊ အဖွဲ့အစည်းအကျိုးအတွက် မိသားစုစိတ်ဓာတ်ဖြင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများပြုပြင်၍ ကောင်းမွန်စွာဖြင့် အများကျိုးပြုဆောင်ရွက်ကြရန် အမှာစကားပြောကြားပြီး ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦး၊ မြစ်သားမြို့နယ် ဥပဒေအရာရှိများက တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလများ၌ တွေ့ကြုံခဲ့ရသည့်အမှတ်တရများ ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်ပြီး ကျောက်ဆည်မြို့နယ် ဥပဒေအရာရှိ ဒေါ်ဖြူဖြူဟန်၊ စဉ့်ကိုင်မြို့နယ် ဥပဒေအရာရှိ ဒေါ်ဝင်းဝင်းမော်၊ မြစ်သားမြို့နယ် ဥပဒေအရာရှိ ဒေါ်ထွေးငယ်တို့က လူမှုကွန်ယက်များတွင် အန္တရာယ်ရှိသော လှုံ့ဆော်ဝါဒဖြန့်ချိမှုများအပေါ် လေ့လာတင်ပြချက် စာတမ်းများ ဖတ်ကြားတင်ပြကြရာ ခရိုင်ဥပဒေအရာရှိ ဦးသိန်းထွန်းက ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - တင်တင်ထွေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)