ကျောက်မဲမြို့နယ် စည်ပင်သာယာရေးဌာနတွင် ပလတ်စတစ်အသုံးပြုမှုလျှော့ချရေး ဆွေးနွေးခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်မဲမြို့နယ် စည်ပင်သာယာရေးဌာနတွင် ပလတ်စတစ်အသုံးပြုမှုလျှော့ချရေး ဆွေးနွေးခြင်းဆောင်ရွက်

 




MNP - ဩဂုတ်   ၃၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် စည်ပင်သာယာရေးဌာနတွင် ဩဂုတ်လ (၂၈) ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပလတ်စတစ်အသုံးချမှုလျှော့ချရေး ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ စည်ပင်သာယာဈေးကော်မတီဝင်များ၊ မြို့ပေါ်ရှိ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များမှ ဆိုင်ရှင်များ၊ အသား/ ငါး ရောင်းချသူများ တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲတွင် ကျောက်မဲမြို့နယ် စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးက ပလတ်စတစ်သုံးစွဲပြီး စနစ်တကျစွန့်ပစ်မှုမရှိသောကြောင့် မြစ်‌၊ ချောင်း၊ ရေမြောင်းများပိတ်ဆို့ပြီး ပတ်ဝန်းကျင်ကို ညစ်ညမ်းမှုဖြစ်ပေါ်စေပါကြောင်း၊ ကြွတ်ကြွတ်အိတ် ကဲ့သို့ ပလတ်စတစ်နှင့်ပြုလုပ်ထားသည့် အသုံးအဆောင်များသည် အသုံးပြုရန် လွယ်ကူသော်လည်း နှစ်ပေါင်းကြာမြင့်စွာ ဆွေးမြေ့ပျက်စီးခြင်းမရှိသောကြောင့်  ကမ္ဘာမြေ၏ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေသည့်အပြင် အပင်နှင့်သတ္တဝါများ၏ ရှင်သန်ရေးကိုပါ ကြီးမားစွာထိခိုက်စေပါကြောင်း ၊ ထို့ကြောင့် ပလတ်စတစ်အသုံးပြုခြင်းကို အတတ်နိုင်ဆုံး လျှော့ချ၍ အသုံးပြုစေလိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက ၎င်းတို့အနေဖြင့် ပလတ်စတစ်အစား ပျက်စီးလွယ်သည့် အိတ်များအသုံးပြုခြင်း၊ ကြွတ်ကြွတ်အိတ်အသုံးပြုခြင်းကို လျှော့ချပြီး မိမိပတ်ဝန်းကျင်တွင်လည်း ကြွတ်ကြွတ်အိတ်အသုံးပြုမှု လျော့နည်းစေရန် ဆွေးနွေးပွဲမှရရှိလာသော အသိပညာများကို လက်ဆင့်ကမ်း အသိပေးသွားမည် ဖြစ်ကြောင်း ပြန်လည် ဆွေးနွေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


သတင်း - မိုင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)