ဂွမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၀ခုနှစ်နှင့် ၂၀၂၂ ပညာသင်နှစ်အတွက် ပညာရည်ချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၀ခုနှစ်နှင့် ၂၀၂၂ ပညာသင်နှစ်အတွက် ပညာရည်ချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ



MNP - ဩဂုတ်   ၃၀


ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၀ခုနှစ်နှင့် ၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမြှင့်တင်မှုကော်မတီ ဒုဥက္ကဋ္ဌ ဆရာကြီးဦးတင်မြင့်ကလည်းကောင်း၊ မြို့နယ်ပညာရေးမှူးကိုယ်စား ဒုတိယမြို့နယ် ပညာရေးမှူး ဦးသန်းနိုင်က လည်းကောင်း အမှာစကား အသီးသီး ပြောကြားခဲ့ကြောင်း သိရသည်။


ထို့နောက် ၂၀၁၉-၂၀၂၂ပညာသင်နှစ်တွင် ပြည်နယ်အဆင့်(ဝိဇ္ဇာဘာသာတွဲ)၌ ပထမ၊ ဒုတိယ၊ ဆဋ္ဌမနှင့် အဋ္ဌမအဆင့်ရရှိသူ(၄)ဦး၊ ပြည်နယ်အဆင့်(ဝိပ္ပံဘာသာတွဲ)၌ တတိယနှင့် ဆဋ္ဌမအဆင့်ရရှိသူ (၂)ဦးနှင့် ၂၀၂၁-၂၀၂၂ခုနှစ် ပြည်နယ်အဆင့်(ဝိဇ္ဇာဘာသာတွဲ)၌ သတ္တမအဆင့်ရရှိသူ (၁)ဦးတို့အား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးဇေယျာ၊ အတွင်းရေးမှူး ယာယီရဲမှူး ခင်မောင်ထွန်းနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့်   ပြည်နယ်အဆင့်(ဝိဇ္ဇာဘာသာတွဲ)၌ ပထမရရှိသော ကျောင်းသူက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။


အဆိုပါ ပညာရည်ချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မြို့မိ/ မြို့ဖများ၊ ဆုရရှိသော ကျောင်းသား/ ကျောင်းသူများနှင့်မိဘများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း -  ရွှေရည်ဝင်းကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)