MNP - ဩဂုတ် ၂၁
မွန်ပြည်နယ်အတွင်း သဘာဝ ဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေးနှင့် အရေးပေါ်တုန့်ပြန်နိုင်ရေးအတွက် မွန်ပြည်နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ၏ (၂/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် (၁၉)ရက် မွန်းလွဲပိုင်းက ပြည်နယ်အစိုးရ အဖွဲ့ရုံး၊ အောင်ဆန်း ခန်းမ၌ ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့ဝင်များ တက်ရောက်ခဲ့ သည်။
ရှေ့ဦးစွာ မွန်ပြည်နယ် သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက မွန်ပြည်နယ်တွင် လေဘေး၊ ရေဘေး၊ မြေပြိုကျဘေး၊ ကမ်းပြိုဘေးနှင့်မိုးကြိုးဘေးဖြစ်စဉ်များ ဖြစ်ပွားလေ့ရှိပြီး ဖြစ်စဉ်များအလိုက် လျှင်မြန်စွာ တုန့်ပြန်နိုင်ရေးအတွက် ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် ယင်းအောက်ရှိ လုပ်ငန်းကော်မတီ (၁၁)ခုတို့ကို စနစ်တကျဖွဲ့စည်းထားရှိပြီးဖြစ်ကာ လုပ်ငန်းတာဝန်များကိုလည်း သတ်မှတ်ခွဲဝေပေးထားပြီးဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ဆိုသည်မှာ ကြိုတင်မှန်းဆ၍ မရနိုင်ဘဲ အချိန်အခါ မရွေး ဖြစ်ပေါ်လာနိုင်သည့်အတွက် သက်ဆိုင်ရာဌာနများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများအနေဖြင့် ရှာဖွေ ကယ်ဆယ်ခြင်း၊ သဏ္ဍာန်တူ ဇတ်တိုက် လေ့ကျင့်ခြင်း၊ အသိပညာပေးခြင်း လုပ်ငန်းများကို အမြဲမပြတ် ကြိုတင် ပြင်ဆင် စီမံထားရှိကြရန်လိုအပ်သလို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက်လည်း စီစဉ်ဆောင်ရွက်ထားရှိကြရန်လို ကြောင်း၊ မွန်ပြည်နယ်အတွင်း မြို့နယ် များတွင် သဘာဝဘေး ဖြစ်ပွား ဖြစ် သည့် ဖြစ်စဉ်များအရ ၂၀၁၈ ခုနှစ်တွင် ထူးကဲဒီရေမြင့်တက်မှုကြောင့် ရေလွှမ်း မိုးမှု၊ ရေကြီးနစ်မြုပ်မှုနှင့် မြေထိန်း နံရံ ပျိုကျမှု၊ ၂၀၁၉ ခုနှစ်တွင်တောင်ပြိုကျမှု၊ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ခုနှစ်တွင်မြေပြိုကျ မှု၊ ရေကြီးမှုနှင့် လေပြင်းတိုက်ခိုက်မှု များ ဖြစ်ပွားခဲ့ပြီး ကာကွယ်နိုင်ရေးနှင့် အရေးပေါ်တုန့်ပြန်နိုင်ရေးလုပ်ငန်းတို့ကို မွန်ပြည်နယ် သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ ဦးဆောင်မှုဖြင့် အချိန်နှင့် တပြေးညီ စီစဉ်ဆောင်ရွက် ပေးနိုင်ခဲ့သည့်အပြင် ပျက်ဆီးဆုံးရှုံး သွားခဲ့သည့် အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေများနှင့် ထောက်ပံ့ရေး ပစ္စည်းများကူညီထောက်ပံ့ပေးခြင်းနှင့် ပြန်လည်ထူထောင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ သက်ဆိုင် ရာမြို့နယ်များအနေဖြင့် သဘာဝဘေးဖြစ်ပွား မှုဖြစ်ပွားမှု မရှိ စေရေး ကြိုတင်ကာကွယ်ရေးစီမံချက် များ ရေးဆွဲပြီး စနစ်တကျ ဆောင်ရွက် ထားရှိရန်နှင့် ဖြစ်ပွားလာပါကလည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းဆောင် ရွက်ခြင်းနှင့် လိုအပ် သည်များကူညီဆောင်ရွက်ပေးခြင်းများကို အားလုံးညီညီညွှတ်ညွှတ် ဝိုင်းဝန်း ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။ ထို့နောက် ပြည်နယ်၊ ခရိုင်၊ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီ (၁၁) ခု၏ အတွင်းရေးမှူးများမှ လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများ အား ရှင်းလင်းတင် ပြမှုအပေါ် ပြည်နယ် ဝန်ကြီးများက သုံးသပ်ဖြည့်စွက် တင်ပြ ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ် သည်များကို လမ်းညွှန်မှာကြားကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
သတင်း - ခင်စန်းမြင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment