မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ (၆)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ (၆)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 


MNP - ဩဂုတ်   ၂၁


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ (၂/၂၀၂၂ )မှ (၇/၂၀၂၂) အထိ (၆) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၈:၀၀)အချိန်က ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ (၆)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက ဧရာဝတီတိုင်းဒေသကြီး (၆)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တင်ပြခဲ့သည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို ဌာန ဆိုင်ရာများအား ပြန်လည်ရှင်းလင်းပြီး ထပ်ဆင့်လမ်းညွှန် မှာကြားခဲ့ပါသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်သည့် ဒုတိယဗိုလ်မှူးကြီး ထက် အောင်၊ ဒုတိယရဲမှူးကြီး မောင်မောင်ရွှေတို့က လုံခြုံရေး၊ ရပ်ရွာတည်ငြိမ်အေးချမ်းရေးနှင့် ပတ်သက်ပြီး ဌာနဆိုင်ရာများကို လမ်းညွှန်မှာကြားခဲ့သည်။


ဆက်လက်ပြီး မြောင်းမြခရိုင်အတွင်းရှိ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ဌာနအလိုက် (၆)လတာ လုပ်ငန်း ဆောင်ရွက်မှုများကို တင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှေ့ဆက်လုပ်ရမည့် လုပ်ငန်းစဉ်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။


အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ(၄၉)ဌာနတို့ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)