MNP - ဩဂုတ် ၂၁
မဟာအောင်မြေမြို့နယ်၊ စစ်ကြောင်းကြီး (၅)ကြောင်း ပါဝင်သည့်ဌာနဆိုင်ရာပူးပေါင်း အဖွဲ့သည် မဟာမြိုင်(၂)ရပ်ကွက်၊ ၄၀ လမ်း၊ ၆၁×၆၂ လမ်း ကြားရှိ အောင်စံရန်ပြေဓမ္မာရုံ၌ ဩဂုတ်လ (၂၀)ရက်နေ့က ရဲမွန်တောင်ရပ်ကွက်အတွင်း နယ်မြေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာ ရေးနှင့်နှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူ လူထုနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)ဗိုလ်မှူးဆွေလွင်အောင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လင်းခိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မြဝင်း ဦးစီး(၁+၅)ဦး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှူး ဦးမောင်မောင်ကြိုင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ကြီးကြပ်(၂)ဦးတင်ဖြိုးအောင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးညွန့်ဝင်းအောင်၊ မြို့နယ်ဒုပညာရေးမှူး ဦးလွမ်းဇေ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြို့နယ်ဦးစီးမှူး ဦးရဲမင်းလွင်၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဦးဇော်ဇော်ထွန်း၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးဘိုဘိုဟန်၊ မြို့နယ်လျှပ်စစ်ရုံးမှ လိုင်းတာဝန်ခံ ဦးအေးဝင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖ၊ ရာအိမ်မှူးများ စုစုပေါင်းအင်အား(၅၀) ဦးခန့် တက်ရောက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ဦးတည်ချက်(၉)ရပ်နှင့် အကြမ်းဖက်အဖွဲ့ အစည်း များကြောင့် ပြည်သူများ၊ ဝန်ထမ်းများသေဆုံး/ဒဏ်ရာရခဲ့မှုများ၊ နိုင်ငံတော်၏ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ရပ်ကွက်အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေပါ လုပ်ပိုင်ခွင့်များနှင့် ရပ်ကွက်နေပြည်သူများ၏ အခွင့်အရေးများအား ချပြရှင်းလင်းခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးမှ ရပ်ကွက်အတွင်း ပြည်သူများအေးချမ်းသာယာစွာနေထိုင်နိုင်ရေး ဆောင်ရွက်ရာတွင် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း၊ ၅၀၅-ကနှင့် အမှုဖွင့်အရေးယူခံရသူများအား လုပ်ထုံး လုပ်နည်းများနှင့်အညီ ဖြေလျော့ပေး လျက်ရှိကြောင်း၊ နယ်စပ်ရောက်နေသူများနေဖြင့် မိမိရပ်ကွက် အတွင်းပြန်လည်ဝင်ရောက် လိုပါက ကြိုဆိုလက်ခံဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု၊ မှတ်ပုံတင်ဆောင်ရွက်ပေးနေမှုများ၊ လူတိုင်းမှတ်ပုံတင်ကိုင်ဆောင်နိုင်ရေး ချပြရှင်းလင်းခြင်း၊ မြို့နယ်လျှပ်စစ်တာဝန်ခံမှပြည်သူ များအနေဖြင့် နိုင်ငံတော်သို့ ပေးဆောင် ရသည့်လျှပ်စစ်မီတာခများအား ကြွေးကျန်မရှိစေရေး တာဝန်ကျေစွာဆောင် ဆောင်ရွက်ရန် လိုကြောင်းချပြရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် ပြည်သူများမှ တင်ပြသည့် ၄၀ လမ်း၊ ၆၁×၆၂ လမ်းကြားနှင့် ၃၈ လမ်း၊ ၆၁×၆၂လမ်းကြားရှိ ရေမြောင်းများပိတ်ဆို့ နေမှုအားလည်းကောင်း၊ ၃၈လမ်း၊ ၆၁×၆၂ လမ်းတစ်လျှောက် လမ်းမီးလိုအပ်မှုတင်ပြချက်အားလည်းကောင်း ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဌာနများအား ဆောင်ရွက်မည့်အစီအမံပြန်လည် တင်ပြ စေရေး လမ်းညွန်မှာကြားခဲ့ပါကြောင်း သိရသည်။
သတင်း - အောင်ဇော်မင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment