မြန်အောင် ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုများက စနေဆွမ်းကျောင်း၌ သံဃာ့ဒါန ဆွမ်းလောင်းလှူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်အောင် ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုများက စနေဆွမ်းကျောင်း၌ သံဃာ့ဒါန ဆွမ်းလောင်းလှူ





MNP - သြဂုတ်  ၆


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်နှင့်မြို့နယ်အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မိသားစုများစုပေါင်း၍ ယနေ့နံနက် ၄ နာရီက မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် စနေ့ဆွမ်းကျောင်း၌ သံဃာ့ဒါန ဆွမ်းလောင်းလှူခဲ့ကြသည်။


ဆွမ်းလောင်းလှူပွဲသို့ မြန်အောင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်၊ မြန်အောင် မြို့နယ်အုပ် ချုပ်ရေးမှူး ဦးနေမင်းထွန်းနှင့်ဇနီး၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက်နှင့်ဇနီး၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက မြန်အောင်မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီး ကျောင်းများမှ ဃံဃာတော် (၄၂၅)ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်းများ လှူဒါန်းခဲ့ကြပြီး ကြာနီကန် ကျောင်းတိုက်ဆရာတော်နှင့် မြို့နယ်သံဃာ့နာယက ဆရာ တော်များ အား မုန့်ဆွမ်းဆက်ကပ်လှူဒါန်း၍ တရားနာရေစက် သွန်းချလှူဒါန်းခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)