ပေါင်းတည်မြို့နယ် သဖန်းပင်ဆိပ်ကျေးရွာအုပ်စု၊သဖန်းပင်ဆိပ်ကျေးရွာတွင် စိုက်ပျိုးရေး မွေးမြူရေးကဏ္ဍများနှင့် ဒေသဖွံ့ဖြိုးရေး အသိပညာပေးကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်းတည်မြို့နယ် သဖန်းပင်ဆိပ်ကျေးရွာအုပ်စု၊သဖန်းပင်ဆိပ်ကျေးရွာတွင် စိုက်ပျိုးရေး မွေးမြူရေးကဏ္ဍများနှင့် ဒေသဖွံ့ဖြိုးရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်

 



MNP - သြဂုတ်   ၆


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးကဏ္ဍများနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဦးဆောင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီ ဝင်ဌာနဆိုင်ရာများက ယမန်နေ့နံနက်ပိုင်းက သဖန်းပင်ဆိပ်ကျေးရွာအုပ်စု၊သဖန်းပင်ဆိပ်ကျေးရွာသို့ အသိပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးမျိုးသန့်က ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မိတ်ဆက်စကားပြောကြားပြီး ဒေသတွင်းစားသုံးဆီသီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ရေး၊ မွေးမြူရေးလုပ်ငန်းများကိုလည်း ယခုထက်ပိုမိုဆောင် ရွက်နိုင်ရေး၊ ဒေသနှင့်ကိုက်ညီမည့်အခြား စိုက်ပျိုးသီးနှံများကိုလည်း ရာသီအလိုက်ပိုမို စိုက်ပျိုးနိုင်ရေး၊ ယူရီးယားဓာတ်မြေသြဇာ၊ ပေါင်းသတ်ဆေးစနစ်တကျသုံးစွဲရေး၊ သစ်ရွက်စိမ်း မြေသြဇာ ပိုမိုတိုးချဲ့စိုက်ပျိုးရေး၊နေကြာ၊မတ်ပဲ၊မြေပဲ သီးထပ်၊ သီးညှပ်စိုက်ပျိုးရေး တို့ကိုဆွေးနွေး ပြောကြားခဲ့သည်။


ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာ၊ ဆည်မြောင်းဦးစီးဌာန၊ လယ်ယာမြေစီမံ ခန့်ခွဲရေး နှင့်စာရင်းအင်းဦးစီးဌာန၊ တိရစ္ဆန်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့မှ တာဝန်ရှိသူများကလည်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သက်ဆိုင်ရာဌာနတစ်ခုခြင်းစီ၏ ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းစဉ်များကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။


ဆွေးနွေးပွဲတွင် ဒေသခံတောင်သူများ၏ လုပ်ငန်းတင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနဆိုင်ရာ များနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - အေးအေးဆင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)