MNP - ဩဂုတ် ၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင်ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများနှင့် ဒေသဖြိုးရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ယမန်နေ့နံနက် ၁၀ နာရီက မင်းလှမြို့နယ် ဘွေကြီးကျေးရွာတွင် ကျေးရွာနေ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ အသိပေးရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မင်းလှမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်း အဖွဲ့က လာရောက်အသိပေးရှင်းလင်း ဆွေးနွေးခြင်းဖြစ်ကြောင်း၊ ကျေးရွာနေ ပြည်သူများအနေဖြင့် မိမိတို့၏ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး၊ နယ်မြေလုံခြုံရေး၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများက ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ပြည်သူများအနေဖြင့် ကာကွယ်ဆေးထိုးနှံကြရန်၊ ကျောင်းသား/သူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်တို့ကို ရှင်းလင်း ဆွေးနွေးခဲ့ သည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဗိုလ်မှူးမြတ်သူက လုံခြုံရေးဂရုပြုရန်၊ ထူးခြား ဖြစ်စဉ်များရှိပါက သတင်းပို့ဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့ပြီး ဌာနဆိုင်ရာများက ဌာနအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက ကျေးရွာနေပြည်များမှ သိလိုသည်များကို မေးမြန်းခဲ့ကြရာ တာန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မင်းလှမြို့နယ် ဦးစီးမှူးရုံးမှ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရန်အတွက် ကျေးရွာများ တွင် Geographical Information System (GIS) စနစ်ဖြင့် ကျေးရွာတည်နေရာ (Point) ကောက်ယူခြင်းများ ဆောင်ရွက်ရာ၌ ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - ဇာဇာ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment