ရွှေကူမြို့၌ နယ်လှည့်အသိပညာပေးလုပ်ငန်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေကူမြို့၌ နယ်လှည့်အသိပညာပေးလုပ်ငန်းဆောင်ရွက်


MNP - ဩဂုတ်  ၁၇


ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ရွှေကူမြို့နယ်ရုံးမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာ ဗဟုသုတ တိုးပွားရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန် ရည်ရွယ်၍  နယ်လှည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီခန့်က တူးချောင်းကျေးရွာ  အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်အသိပညာပေး လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေကူမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်ပပသိန်းက ကျောင်းသား၊ ကျောင်းသူများအား  စာတတ်ခြင်းနှင့် စာမတတ်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် အကျိုးကျေးဇူး များ ကွာခြားပုံကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး စာတတ်စေရန် စာသင်ကြားကြရန်လိုကြောင်း၊ အသိပညာ ဗဟုသုတတိုးပွားလာစေရန် စာအုပ်စာပေများကို လေ့လာဖတ်ရှုရန်လိုကြောင်း၊ စာဖတ်သည့် အ‌လေ့အကျင့်များကို မွေးမြူရန်လိုကြောင်း၊ စာအုပ် စာပေများ ပိုမိုလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတ တိုးပွားရရှိစေကြောင်း စသည်တို့ကို အသိပညာပေး ဟောပြောခဲ့သည်။


နယ်လှည့်အသိပညာပေး လုပ်ငန်းဆောင်ရွက်ရာတွင် စာဖတ်ခြင်းဖြင့် ရရှိစေသည့် အကျိုးကျေးဇူးများ၊ ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး၊ မျောက်ကျောက်ရောဂါဆိုင်ရာ အသိပညာပေး၊ သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး စသည့်အသိပညာပေး နံရံကပ်စာစောင်များနှင့် ခင်ကျင်းပြသ ထားသည့် စာအုပ်စာစောင်များကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။


သတင်း - ခင်ပပသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)