စစ်တွေမြို့နယ်၌ လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး သင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်တွေမြို့နယ်၌ လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး သင်တန်းဖွင့်လှစ်



MNP - ဩဂုတ်   ၁၇


စစ်တွေမြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အမှတ်(၅) လူကုန်ကူး မှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(စစ်တွေ)က ဦးဆောင်းကာ ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ် ရေးသင်တန်း(၁/၂၀၂၂)ကို ဩဂုတ်လ(၁၅)ရက် နံနက်ပိုင်းက စစ်တွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။


သင်တန်းဖွင့်ပွဲတွင် ပြည်နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၊ အတွင်းရေးမှူး၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသက်လွင်က အဖွင့်အမှာစကား ပြောကြားသည်။ သင်တန်းတွင် လူကုန်ကူးမှုများ ဖြစ်ပေါ်လာခြင်းနှင့် တွန်းအား၊ ဆွဲအားများ၊   လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ တရားမဝင်ရွှေ့ပြောင်း သွားလာမှုခြားနားချက်များ၊   ကမ္ဘာနှင့်မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူကုန်ကူးမှုများ၊ လူကုန်ကူးမှု၏ဆိုးကျိုးများနှင့် လူကုန်ကူးခံရသူ၏အခွင့်အရေးများ၊ တရားစွဲဆိုရေးလုပ်ငန်းစဉ်နှင့် လူကုန်ကူးခံရသူများ၏ အရေးပါမှု၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေနှင့် လူကုန်ကူးခံရသူဖြစ်ကြောင်း စိစစ်ဖော်ထုတ်ခြင်း၊ လူကုန်ကူးမှုဖြစ်စဉ်(၃)ဆင့်နှင့် စိစစ်ဖော်ထုတ်ရေးပုံစံများအသုံးပြုခြင်း၊ တွေ့ဆုံ မေးမြန်းမှုပုံစံများ၊ လူကုန်ကူးခံရသူများကို ပြန်လည်လက်ခံခြင်း၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းပေးခြင်းနှင့် ပြန်လည်ထူထောင်ခြင်း၊ တားဆီးနှိမ်နင်းခြင်း၊ ရှာဖွေခြင်း၊ ဖမ်းဆီးခြင်းနှင့် သက်သေခံပစ္စည်းကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းနှင့် ပြစ်မှုပြစ်ဒဏ်များ စသည့်တို့ကို သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၅၀ ဦး တက်ရောက်လျက်ရှိပြီး အမှတ်(၅) လူကုန်ကူး မှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(စစ်တွေ)မှ တပ်ခွဲမှူး ရဲမှူးမျိုးလွင်၊ ရဲအုပ်သန်းဇော်နှင့် ရဲအုပ်ဇော်မြင့်ဦးတို့က သုံးရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - တင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)