ဝါခယ်မမြို့နယ်အတွင်းရှိ ဆန်စက်များတွင် ဆန်၊ စပါးလက်ကျန် သိုလှောင်ထားမှု ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝါခယ်မမြို့နယ်အတွင်းရှိ ဆန်စက်များတွင် ဆန်၊ စပါးလက်ကျန် သိုလှောင်ထားမှု ကွင်းဆင်းစစ်ဆေး



MNP - ဩဂုတ်  ၂၃


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ဆန်စက်များအား ဩဂုတ်လ ၁၉ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။


ယင်းကွင်းဆင်းစစ်ဆေးမှုကို ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်၏ စီမံညွှန်ကြားမှုဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်မိုးနောင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးစီးမှူး ဦးအောင်မိုးနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဝါးခယ်မမြို့နယ်အတွင်းရှိ ဆန်စက်များအား ကွင်းဆင်းစစ်ဆေးရာ ပိုင်ရှင် ဦးကြည်လွင် ဧကရာဇ်ဆန်စက်တွင် စပါးတင်းရေ(၂၀၀၀၀)၊ ဆန် (၄၀၀)အိတ်သိုလှောင်ထားရှိကြောင်း၊ ပိုင်ရှင် ဦးရန်နောင်စိုး ရွှေနဂါးဆန်စက်တွင် စပါးတင်းရေ(၁၀၀၀၀)၊ ဆန် (၄၀၀)အိတ်သိုလှောင်ထားရှိကြောင်း၊ ပိုင်ရှင်ဦးမောင်နိုင် တော်ဝင်ရတနာဆန်စက်တွင် ဆန်အိတ်(၁၀၀) သိုလှောင်ထားရှိကြောင်း၊ ပိုင်ရှင် ဦးအောင်ဝင်းနိုင် ဆန်စက်တွင် စပါး(၅၀၀၀)၊ ဆန်အိတ်(၃၀၀)သို လှောင်ထားရှိကြောင်း၊ ပိုင်ရှင်ဦးစန်းမြင့် စိုးရတနာဆန်စက်တွင် စပါးတင်းရေ(၁၅၀၀၀)၊ ဆန်အိတ်(၁၅၀) သိုလှောင်ထားရှိကြောင်း၊ ပိုင်ရှင်ဒေါ်မာမာရေး အောင်သိန်းသန်း ဆန်စက်တွင် စပါးတင်းရေ(၇၀၀၀၀)၊ ဆန်အိတ်(၅၀၀)ခန့် သိုလှောင်ထားရှိကြောင်းနှင့် ပိုင်ရှင်အသီးသီးမှ ရန်ကုန်သို့ အဓိကထား၍ လစဉ်တင်သွင်းရောင်းချလျက်ရှိကြောင်းသိရသည်။


သတင်း - ဟိန်းထက်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)