ဝေါမြို့၌ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝေါမြို့၌ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ ဆောင်ရွက်

 



MNP - သြဂုတ်   ၅


၂၀၂၂- ခုနှစ် စက်တင်ဘာလ (၁၃) ရက်နေ့တွင် ကျရောက်မည့် ဒဿမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့အရှေ့ဘက်ကမ်းရပ်ကွက်ရှိ အခြေခံ ပညာအထက်တန်းကျောင်း (ဝေါအရှေ့) စာကြည့်တိုက်ခန်းမတွင် ယနေ့နံနက် ၁၀:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြုလုပ်သည့် ဟောပြောပွဲတွင် ဝေါမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး မျိုးနိုင်ထွေး က ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးမှုနှင့်ပတ်သက်သည့်  ပြစ်မှုပြစ်ဒဏ်များတို့ကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။


ထို့နောက် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများမှ လူကုန်ကူးမှုနှင့်ပတ်သက်သည့် သိလိုသည်များကို  ဒုရဲမှူး မျိုးနိုင်ထွေး က ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - အောင်မြတ်လင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)