မြင်းခြံခရိုင်အတွင်း အသေးစားလုပ်ငန်းရှင်များအတွက် လုပ်ငန်းမှတ်ပုံတင် ၉၃ ခု ထုတ်ပေးပြီးဖြစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြင်းခြံခရိုင်အတွင်း အသေးစားလုပ်ငန်းရှင်များအတွက် လုပ်ငန်းမှတ်ပုံတင် ၉၃ ခု ထုတ်ပေးပြီးဖြစ်



MNP - ဩဂုတ်   ၅


မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အသေးစားလုပ်ငန်းရှင်များအတွက် လုပ်ငန်းမှတ်ပုံတင် (၉၃)ခု ထုတ်ပေးပြီးဖြစ်ကြောင်း မြင်းခြံခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းမြင့်ထွန်းထံက သိရသည်။


မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်မြို့နယ်များရှိ တစ်ပိုင်တစ်နိုင် အသေးစားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး လုပ်ငန်းရှင်များ ပေါ်ထွက်လာစေရန်အတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် လုပ်ငန်းလုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များကို လုပ်ငန်းမှတ်ပုံတင် (၉၃)ခု ထုတ်ပေးထားပြီး အသေးစားတစ်ပိုင်တစ်နိုင်လုပ်ငန်း လုပ်ကိုင်သူလုပ်ငန်းရှင်များ လုပ်ငန်းအမျိုးအစားအလိုက် လုပ်ငန်းမှတ်ပုံတင် လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။


“လုပ်ငန်းမှတ်ပုံတင်ထားသူတွေရဲ့ လုပ်ငန်းထုတ်ကုန်တွေကို စနစ်တကျ စစ်ဆေးပြီးလုပ်ငန်းမှတ်ပုံတင် ထုတ်ပေးပါတယ်။  မြင်းခြံမြို့မှာတော့ ပဲကြော်လုပ်ငန်း လုပ်ကိုင်သူများတဲ့အတွက် ပဲကြော်တဲ့ဆီကို ပြည့်ဝမှု ရှိ/မရှိ ဓာတ်ခွဲ စစ်ဆေးပေးပါတယ်။ ကျွန်တော်တို့ လုပ်ငန်းမှတ်ပုံတင်ထုတ်ပေးထားတဲ့ ထုတ်ကုန်တွေကျ ဈေးဆိုင်တွေမှာ တင်သွင်းရောင်းချခွင့် ရှိပါတယ်။ လုပ်ငန်း မှတ်ပုံတင်ထားတဲ့ လုပ်ငန်းရှင်များရဲ့ ထုတ်ကုန်တွေအတွက် ဆောင်ရန်/ရှောင်ရန်များကို ပညာ ပေးလိုက်လံစစ်ဆေးတာတွေ ရှိပါတယ်။ ကျွန်တော်တို့ဆီမှာ သင်တန်းတက်ရောက်ပြီး လုပ်ငန်းမှတ်ပုံတင်ထားတဲ့ လုပ်ငန်းရှင်များအနေဖြင့် သူတို့မှာ ဈေးကွက်လိုလား အရင်းအနှီး လိုလားလိုအပ်ချက်တွေကို စိစစ်ပြီး အရင်းအနှီး လိုအပ်ရင်လည်း ပြည်ပအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ပေးပြီး ချေးငွေ၊ နည်းပညာတွေကို ဖလှယ်ရယူပြီး ဆောင်ရွက်ပေးပါတယ်။ ဒါ့အပြင် ဌာနမှတ်ပုံ တင်ထားတဲ့ လူသုံးကုန် အလှကုန်၊ စားသောက်ကုန်လုပ်ငန်းတွေကို စားသုံးသူတွေ အန္တရာယ် မဖြစ်စေဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ထုတ်ကုန်ပစ္စည်းတွေ ထုတ်လုပ်နိုင်အောင်ဌာနက သင်တန်းပေးတာတွေ၊ သက်ဆိုင်ရာထုတ်ကုန်တွေ ဓာတ်ခွဲစမ်းသပ်ပေးတာတွေ ပြုလုပ်ပေးပါတယ်” ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းမြင့်ထွန်းက ပြောသည်။


အဆိုပါလုပ်ငန်းများမှာ လူသုံးကုန်ပစ္စည်းလုပ်ငန်း၊ အိမ်သုံးကုန်ပစ္စည်းလုပ်ငန်း၊ အထွေထွေအသေးစားစက်မှုလက်မှုလုပ်ငန်း စသည်တို့ဖြစ်ကြောင်း သိရသည်။


သတင်း - ကျော်စွာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)