ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရေဝင်နှစ်မြှုပ်လျက်ရှိသော ရပ်ကွက်များရှိ ပြည်သူများအား နေ့လယ်စာ စားသောက်ဖွယ်ရာများ လှူဒါန်းပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရေဝင်နှစ်မြှုပ်လျက်ရှိသော ရပ်ကွက်များရှိ ပြည်သူများအား နေ့လယ်စာ စားသောက်ဖွယ်ရာများ လှူဒါန်းပေး




MNP - သြဂုတ်   ၁၉


ရန်ကုန်တိုင်းဒေသကြီးတွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ အမှတ် (၆)၊(၁၁)၊(၁၄) ရပ်ကွက်များတွင်လည်း ရေဝင်ရောက်မှုများဖြစ်ပေါ်ရာ ၎င်းရပ်ကွက်ရှိ ပြည်သူများအတွက်‌ နေ့လယ်စာ စားသောက်ဖွယ်ရာများဖြစ်သော ထမင်း၊ ဟင်းများ ထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့မွန်းတည့်ချိန်(၁၂)နာရီအချိန်က လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ရာတွင် အလှူရှင်များဖြစ်သော စုပြည့်ပွဲရုံမှ ဦးအောင်သူ+ဒေါ်ဖြူဖြူဝင်း(မိသားစု)မှ လှူဒါန်းခြင်းဖြစ်၍ မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့များ၊ ရပ်ကွက်တာဝန်ရှိသူများ ပူးပေါင်း၍ ရေဝင်နှစ်မြှုပ်ရပ်ကွက်များဖြစ်သည့် အမှတ်(၆)၊(၁၁)၊(၁၄)ရပ်ကွက်‌နေ အိမ်‌ထောင်စု(၆၀၀)စုအတွက် စားသောက်ဖွယ်ရာများအဖြစ် နေ့လယ်စာ ထမင်း၊ ဟင်းတို့အား လိုက်လံပေးဝေလျက် ရှိသည်။


မြို့နယ်တွင်းရေဝင်ရောက်မှုရှိသော ရပ်ကွက်များမှ မြေနိမ့်ပိုင်းနေရာများဖြစ်ပြီး  ထပ်မံ မိုးရွာသွန်းမှုကြောင့် အခက်အခဲဖြစ်ပေါ်မှုများအပေါ် ကူညီဆောင်ရွက်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်တွင်း လျှပ်စစ်ဓာတ်ကြိုး ပြတ်တောက်မှုများ၊ သစ်ပင်များပြိုကျခြင်းများ ဖြစ်ပေါ်ခဲ့ပါက ကူညီကယ်ဆယ်ရေး လုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိရာ သက်ဆိုင်ရာဌာနများ၏ အရေးပေါ်ခေါ်ဆိုရမည့် ဖုန်းနံပါတ်များအား ရပ်ကွက်တာဝန်ရှိသူများဖြင့် ပေါင်းစပ်၍ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။


သတင်း - ဝင်းအိမွန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)