MNP - ဩဂုတ် ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် တနင်္သာရီမြို့၏ ကျက်သရေဆောင်ရှေးဟောင်းသမိုင်းဝင် မြဝတ်ဆင်စေတီတော်မြတ်ကြီးအား ဥပတိရုပ်ကောင်းမွန်စေရေး၊ အရပ်ဝေး/အရပ်နီးမှ ဘုရားလာမိဘပြည်သူများ လေကောင်းလေသန့်ရရှိ၍ စိတ်အေးချမ်းသာယာစွာ ကြည်ညိုဖူးမျှော်နိုင်စေရေးအတွက် စေတီတော်၏ပရဝုဏ်အတွင်း/အပြင်နေရာများမှာ ဝန်ထမ်းများစုပေါင်း၍ ပြည်သူ့အကျိုး ပြုလုပ်အားဒါနသန့်ရှင်းရေးလုပ်ငန်းကို ယနေ့နံနက် ၆ နာရီ ၃၀ မိနစ်အချိန်မှ ၈ နာရီအထိ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အခြားဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများ စုစုပေါင်း(၁၀၀)ဦးခန့်တို့က မြဝတ်ဆင်စေတီတော်ကြီးနှင့် အရန်စေတီများရှိ ရေညှိများကိုတိုက်ချွတ်ပေး၍ သန့်ရှင်းရေးပြုလုပ်ပေးခြင်း၊ နဂါးရုံဘုရားနှင့် စေတီတော်ရင်ပြင်လျှောက်လမ်းများအတွင်း အမှိုက်သရိုက်များကို ရှင်းလင်းဖယ်ရှားပေးခြင်း၊ စေတီတော်ပရဝုဏ်၏အပြင်ဘက်ရှိ ခြုံနွယ်/မြက်ပင်များကို မြက်ခုတ်စက်/ဓါးတို့ဖြင့် ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို ကုသိုလ်ပြုပူးပေါင်းဆောင်ရွက်ပေးကြရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
သတင်း - နန်းသာရီ-ထိန်ဝင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment