
MNP - ဩဂုတ် ၁
၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊အတီးပြိုင်ပွဲ (မြို့နယ်အဆင့်) ဆုချီးမြှင့်သည့်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ အမှတ် (၂)အခြေခံပညာ အထက်တန်းကျောင်း ရွှေရတုခန်းမဆောင်၌ ကျင်းပခဲ့သည်။
ဆုချီးမြှင့်ပွဲတွင် ကရင်ပြည်နယ်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဦးစန်းကို၊ ဘားအံ ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်လွင်၊ ပြည်နယ်ပညာရေးမှူးနန့်ဆယ်လီလှိုင်၊ ဘားအံမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးထင်နှင့်အဖွဲ့ဝင်များ၊ အမှတ်ပေးအကဲဖြတ်ဒိုင်အဖွဲ့ဝင်များက အခြေခံပညာအဆင့် (၁၀-၁၅) အမျိုးသား/အမျိုးသမီးအကပြိုင်ပွဲ၊ အခြေခံပညာအဆင့်(၁၅-၂၀) အမျိုးသမီးအကပြိုင်ပွဲ၊ ဝါသနာရှင်-ဒုတိယတန်း အမျိုးသား/အမျိုးသမီး အကပြိုင်ပွဲ၊ အခြေခံပညာအဆင့်(၁၀-၁၅)အမျိုးသား/အမျိုးသမီးခေတ်ဟောင်းကာလပေါ် အဆိုပြိုင်ပွဲ၊ အခြေခံပညာအဆင့် (၁၀-၁၅) အမျိုးသား/အမျိုးသမီး မဟာဂီတအဆိုပြိုင်ပွဲ၊ အခြေခံပညာအဆင့်(၁၅-၂၀)အမျိုးသား/ အမျိုးသမီး မဟာဂီတအဆို ပြိုင်ပွဲ၊ ခေတ်ဟောင်းကာလပေါ်အဆိုပြိုင်ပွဲ၊ အခြေခံပညာအဆင့်(၁၀-၁၅)အမျိုးသား/အမျိုးသမီး အတီးပြိုင်ပွဲ၊ ဝါသနာရှင်(ဒုတိယတန်း) အမျိုးသား/အမျိုးသမီး အဆို ပြိုင်ပွဲတို့တွင် ဆုရရှိသူများနှင့်အထူးဆုရရှိသူများအား ဂုဏ်ပြု ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ကရင်ပြည်နယ်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဦးစန်းကိုက ဂုဏ်ပြုအားပေးစကားများပြောကြားပြီး ဆုရရှိသူများက ပြန်လည်သီဆိုကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
သတင်း - စောမျိုးမင်းသိန်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment