ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးပပျောက်ရေး စီမံကိန်းအနေဖြင့် ဒေသကြက်ကောင်ရေ (၁၀၀)နှင့် ဒေသဝက် (၁၀) ကောင်ကို ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးပပျောက်ရေး စီမံကိန်းအနေဖြင့် ဒေသကြက်ကောင်ရေ (၁၀၀)နှင့် ဒေသဝက် (၁၀) ကောင်ကို ထောက်ပံ့ပေးအပ်

 


MNP - ဩဂုတ်   ၁


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တောင်ပေါ်ဒေသ ဒေသခံပြည်သူများလူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ မူးယစ်ဆေးဝါးပပျောက်ရေးနှင့် ဘိန်းအစားထိုးအဖြစ် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဘိန်းအစားထိုးအဖြစ် ဒေသကြက်ကောင်ရေ (၁၀၀) နှင့် ဒေသဝက် (၁၀) ကောင်ကို  ယမန်နေ့က ဝန်ကျေးရွာနှင့် ရေဖြူကျေးရွာများသို့ သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။


ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ငဖဲမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုဦးစီးမှူး ဒေါက်တာ ချစ်ချယ်ရီစိုးက မူးယစ်ဆေးဝါးပပျောက်ရေးစီမံကိန်းအနေဖြင့် ဒေသခံတောင်သူများ မွေးမြူရေးလုပ်ငန်းကို မိသားစုတစ်နိုင်တစ်ပိုင် မွေးမြူလုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ဌာနမှ ဒေသကြက်နှင့်ဝက်များ ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်းနှင့် တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်မွေးမြူလုပ်ကိုင် ဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားပြီး  ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူး သက်နိုင်စိုး၊ ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုဦးစီးမှူးဒေါက်တာချစ်ချယ်ရီစိုး၊ ဒေါက်တာ ဆုပိုင်မြင့်ဦး နှင့်ဝန်ထမ်းများက တင်ပြင်းကျေးရွာအုပ်စု ဝန်ကျေးရွာနှင့် ကျောင်းကုန်းကျေးရွာအုပ်စု ရေဖြူကျေးရွာများမှ အိမ်ထောင်စုတစ်စုလျှင် ဒေသကြက်(၁၀)ကောင် (သို့မဟုတ်)ဒေသဝက် (၁)ကောင် နှုန်းဖြင့် စုစုပေါင်း ဒေသကြက်ကောင်ရေ (၁၀၀) နှင့် ဒေသဝက် (၁၀)ကောင်ကို အိမ်ထောင်စု (၂၀)စု သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - မယု 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)