မိုင်းတုံမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းတုံမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ

 



MNP - ဩဂုတ်    ၂


ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်ရှိ  မြို့မအားကစားကွင်းတွင် ယမန်နေ့ညနေ(၃:၄၅)အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပခဲ့ရာ အခမ်းအနားသို့ မိုင်းတုံအခြေချစစ်ဗျုဟာမှူး ဗိုလ်မှူးကြီးဇော်မင်းဦးနှင့်အဖွဲ့များ၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့်အဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ‌ပြည်သူများတက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။


အဆိုပါဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက အားကစားစိတ်ဓာတ်အပြည့်ဖြင့် ကစားသွားကြရန်၊ စည်းကမ်းချမှတ်ပေးသည့်အတိုင်း လိုက်နာကြစေ‌ လိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး မိုင်းတုံမြို့နယ်အားကာမှ ဦးကျော်သူအေးက အားကစားသမားများကို စည်းကမ်းနှင့် ပတ်သက်၍ ရှင်းလင်းသည်။ ထိုနောက် အားကစားသမားများ၏ သစ္စာအဓိဌာန်ရွတ်ဆိုပြီး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနာဖွင့်လှစ်ရာ DIAMOND(A) အသင်းနှင့် နားကောင်းမူအသင်းတို့ စတင်ပြိုင်ပွဲဝင်သည်။ ပြိုင်ပွဲတွင် DIAMOND(A)၊ Bast Frind , Dominion(B) , နားကောင်းမူ၊ အ ထ က၊ ယားနူးချမ်း၊ တောင်ပေါ်သား GAအသင်း (၈)သင်းဖြင့် အလှည့်ကျ ယှဉ်ပြိုင်ကစားကြမှာဖြစ်ကြောင်း အသင်း(၈)သင်းဖြင့် ၁-၈-၂၀၂၂ ညနေမှ ၆-၈-၂၀၂၂ ထိ ယှဉ်ပြိုင်ကစားကာ ဗိုလ်လုပွဲဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရသည်။


သတင်း - ဝင်းဝင်းခိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)