ထားဝယ်မြို့တွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထားဝယ်မြို့တွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပ




MNP - သြဂုတ်   ၂


တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။


ဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးချမ်းမြေ့သီဟက သဘာဝကြောင့်ဖြစ်သော ဘေးအန္တရာယ်များ၊ လူကြောင့်ဖြစ်သောဘေးအန္တရာယ်များ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသော ဘေးအန္တရာယ်များ၊ လိုက်နာဆောင်ရွက်ရန်/သတိပြုရန်/ ရှောင်ရှားရန်အချက်များကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့သည်။


ထို့နောက် ဒုတိယဦးစီးမှူး ဦးချမ်းမြေ့သီဟနှင့် ဝန်ထမ်းများက ကျောင်းသား/သူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး မုန်တိုင်းဘေးအသိပညာပေးပိုစတာများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် လက်သန့်ဆေးရည် (၁၅)ဗူးအား ကျောင်းအုပ်ကြီးထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - ရွှေပင်လယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)