မြန်မာနေရှင်နယ်ပို့မှ ဖော်ပြပေးနိုင်ပါရန် -
တာဝန်ရှိလူကြီးမင်းများ ကူညီဖြေရှင်းပေးနိုင်ရန် မြန်မာနေရှင်နယ်ပို့စ်မှ တင်ပြပေးစေချင်ပါတယ်။ ကျွန်တော်တို့ လပွတ္တာမြို့နယ်မှာ အခုထိ စိုက်ဘဏ်ချေး မရသေးပါဘူး။ ယခင်က ချေးယူခဲ့တဲ့ ငွေတွေကို ပြန်လည်ပေးသွင်းပြီဖြစ်ပါတယ်။
ယခုနှစ် မိုးရာသီ စိုက်ပျိုးချိန်ရောက်သည့်တိုင်အောင် စိုက်ဘဏ်ချေးငွေတွေ ခုထိ ထုတ်မပေးသေးလို့ တောင်သူတွေ ဒုက္ခတွေရောက်နေကြတယ်။ ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ် မှာပါ။ခုထိ တစ်ဦးမှမရသေးဘူး။ စပါးတွေက စိုက်နေကြပြီ။ စိုက်စရိတ်မရှိလို့ ငွေတိုးပေး စပါးပေး ပေးနေသူတွေဆီက ၁၀၀ ကို ၁၅ ကျပ်တိုး ၂၀ တိုးတွေနဲ့ အတိုးကြီးကြီးပေးပြီး ချေးနေကြလို့ အဆင်မပြေဖြစ်နေကြတယ်။
လပွတ္တာမြို့နယ်မှ တောင်သူများရဲ့ အခက်အခဲကို နိုင်ငံတော်အကြီးအကဲများ သိရှိပြီး အမြန်ဆုံး ကူညီဖြေရှင်းပေးနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါသည်။
တောင်သူလယ်သမားတစ်ဦး
https://t.me/MyanmarNationalPost

No comments:
Post a Comment