ကန့်ဘလူမြို့နယ်အတွင်းမှ မွတ်စလင်လူငယ်များကို အကြမ်းဖက်လှုပ်ရှားမှုအတွင်း ပါဝင်လာစေရန် Infinity Group မှ လှုံ့ဆော်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကန့်ဘလူမြို့နယ်အတွင်းမှ မွတ်စလင်လူငယ်များကို အကြမ်းဖက်လှုပ်ရှားမှုအတွင်း ပါဝင်လာစေရန် Infinity Group မှ လှုံ့ဆော်လျက်ရှိ




MNP ၊ သြဂုတ် ၅

ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက်လှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိသည့် NLD အစွန်းရောက်များ အကြမ်းဖက်လှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိသည့် Infinity Group ကန့်ဘလူနယ်က မွတ်စ်လင်လူငယ်တွေ ဘာလုပ်နေလဲ ခေါင်းစဉ်တပ်၍ မွတ်စလင်လူငယ်များ အကြမ်းဖက်လှုပ်ရှားမှုအတွင်း ပါဝင်လာစေရန် လှုံ့ဆော်နေကြောင်း ဒေသခံများက ဆက်သွယ်ပြောကြားသည်။ 


ဒေသခံတစ်ဦးက "ဒီကောင်တွေက အမြဲတမ်းလှုံ့ဆော်နေတယ်။ အခုလည်း မွတ်စလင်လူငယ်တွေကို အကြမ်းဖက်လှုပ်ရှားမှုထဲ ပါဝင်လာအောင် ဘာသာရေး၊ လူမျိုးရေးပြဿနာပါ ဖြစ်အောင် လှုံ့ဆော်နေတာပဲ။ Infinity Group ကို အုပ်ချုပ်ရေးအဖွဲ့ထဲကပါ သတင်းတွေ ပေးနေတယ်။ အဓိက ပစ်မှတ်ကတော့ ဆရာတော်ဦးဝါသဝကို ပစ်မှတ်ထားပြီး လှုံ့ဆော်လာကြတယ်။" ဟု ပြောသည်။


Infinity Group အကြမ်းဖက်လှုံ့ဆော် ရေးသားဖြန့်ဝေနေသည့် facebook page မှ "ကျွန်တော်တို့ ဒီအကြောင်းကို မရေးချင်ပေမယ့် ရေးရ၊ပြောရပါလိမ့်မယ်။ ဒီကိစ္စဟာ လူမျိုးရေးခွဲခြားတဲ့အနေနဲ့ ရေးသားခြင်းမဟုတ်ပဲ ဂရုဏာဒေါသဖြင့် ရေးသားခြင်းဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပီးနောက်ပိုင်းမှာ ကန့်ဘလူတနယ်လုံးအတိုင်းအတာနဲ့ တောရော မြို့ပါမကျန် ဗုဒ္ဓဘာသာရော မွတ်စ်လင်ဘာသာဝင်တွေပါ စစ်ကောင်စီကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြခဲ့ကြတာပါ။ စစ်ကောင်စီက အကြမ်းဖက်နည်းတွေသုံးလာချိန်မှာတော့ လူငယ်အများစုဟာ မြို့၊ ရွာတွေကို စွန့်ခွာကာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်နောက်ကို လိုက်ခဲ့ကြတာပါ။ ကန့်ဘလူမြောက်ခြမ်းမှာရှိတဲ့ ကျွန်းလှအထက်ပိုင်းကလွဲရင် ကန့်ဘလူ၊ ထန်းကုန်း၊ ဇီးကုန်း ဒေသတွေအနီးတဝိုက်မှာ မွတ်စ်လင်ဘာသာဝင်လူဦးရေဟာ ဗုဒ္ဓဘာသာလူဦးရေရဲ့ တဝက်နီးပါးရှိပါတယ်။ ထူးခြားချက်ကဘာလဲဆိုတော့ လက်နက်ကိုင်တော်လှန်ရေးမှာ မွတ်စ်လင်ဘာသာဝင်လူငယ်တွေဟာ မပါသလောက်လို့တောင် ပြောရမှာဖြစ်ပါတယ်။ မွတ်စ်လင်လူဦးရေရဲ့ ၁၀၀ %  မှာ ၃ % ခန့်သာ လက်နက်ကိုင်တော်လှန်ရေးထဲကို ခြေစုံပစ်ဝင်ခဲ့ကြတာပါ။ လက်နက်ကိုင်တော်လှန်ရေးမှာ လက်နက်ကိုင်မှမဟုတ်။ အခြားသော ထောက်ပံ့ရေး၊ သတင်းအချက်အလက်ပိုင်းမှာလဲ အားနည်းတာကို တွေ့ရပါတယ်။ မွတ်စ်လင်လူငယ်တွေ ဘာလုပ်နေလဲလို့မေးရင် လယ်လုပ်မယ်။ ကျွဲ၊ နွား၊ ဆိတ်၊ သိုး ကျောင်းမယ်။ တံငါလုပ်မယ်။ ကယ်ရီပြေးမယ်။ နယ်ဝေးထွက်အလုပ်လုပ်မယ်။ ဒီလိုနဲ့ပဲ နေ့စဉ်ရှင်သန်နေကြတာပါ။" ဟု မွတ်စလင်လူငယ်များ ၎င်းတို့၏ အကြမ်းဖက်လှုပ်ရှားမှုတွင် ပါဝင်လာစေရန် လှုံ့ဆော်ရေးသားထားသည်ကို တွေ့ရသည်။ 


Infinity Group "အရှင်းဆုံးပြောရလျင် စစ်ကောင်စီဟာ သူတို့ရဲ့လက်ပါးစေ ပြူစောထီးတွေကို စည်းရုံးတဲ့အခါ ဘာသာရေးကိုခုတုံးလုပ်ကာ ကုလားမုန်းတီးရေးကို အခြေခံပါတယ်။ ဒါတွေ ကန့်ဘလူနယ်က လူတိုင်း သိပါတယ်။ ကန့်ဘလူနယ်ဟာ လွန်ခဲ့တဲ့ ၁၀ စုနှစ်ကာလလောက်က ကုလား၊ ဗမာ အရှုပ်အထွေးပြဿနာ အကြီးအကျယ်ဖြစ်ခဲ့လို့ မွတ်စ်လင်ဘာသာဝင်တွေရဲ့ နေအိမ်တွေ ပြာဖြစ်ခဲ့ဖူးပါတယ်။ဖြစ်ခဲ့တိုင်းလည်း အဖိနှိပ်ခံပါပဲ။ အတိအလင်းသိချင်ရင် ထန်းကုန်းစံပြရွာ ဗလီကျောင်းအနီးက ရပ်ကွက်ထဲကို လိုက်မေးကြည့်ပါ။ အကယ်၍ စစ်ကောင်စီသာ အုပ်ချုပ်ခွင့်ရမယ်ဆိုတဲ့အတွေးနဲ့ ရှင်သန်ကြည့်ပါ။ လူစာရင်း သွင်း၊မသွင်း လဝကရုံးရောက်ဖူးတဲ့ မွတ်စ်လင်ဘာသာဝင်တိုင်း သိပါတယ်။ လွန်ခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့က ကာဘိုးတိုက်နယ်ထဲက မွတ်စ်လင်ဘာသာဝင်တွေအများဆုံးနေတဲ့ ကျီစုကို နမူနာယူပါ။ ရှို့တာတောင် မွတ်စ်လင်ဘာသာဝင်တွေရဲ့ နေအိမ်တွေကိုပဲ ရွေးရှို့သွားတာပါ။ ဒါဟာ မွတ်စ်လင်တွေကို နိဒါန်းပျိုးပြသွားတာပါ။" ဟု မွတ်စလင်လူငယ်များကို နာကျည်းစိတ်ဖြစ်အောင် လှုံ့ဆော်ရေးသားထားပြီး ၎င်းတို့၏ အကြမ်းဖက်လှုပ်ရှားမှုတွင် ပါဝင်လာစေရန် ကြုံးသွင်းရေးသားထားသည်ကို တွေ့ရသည်။


အကြမ်းဖက်လှုံ့ဆော် Infinity Group ၏ ရေးသားဖော်ပြချက်တွင် ဆရာတော်ဦးဝါသဝနှင့် ပတ်သက်၍ "အခု ကန့်ဘလူနယ်မှာ ချိုကြွနေတဲ့ အကြမ်းဖက်ပြူခေါင်းဆောင် ဝါသဝနေထိုင်တဲ့ မှော်တော်ရွာကို ကြည့်ပါ။ မွတ်စ်လင်တွေအများဆုံးနေပါတယ်။ သတင်းအချက်အလက် အားနည်းလွန်းလို့ ခွေးတွေလှုပ်ရှားမှုကို တိတိပပ မသိရပါ။ ကင်းတပ်ဆည် မူးဘောင်တကြော မွတ်စ်လင်တွေအများဆုံးနေပါတယ်။ သတင်းအချက်အလက် အရမ်းအားနည်းလွန်းပါတယ်။ အဲ့ဘက်က ဗုဒ္ဓဘာသာဝင်အများစုဟာ ကြားနေဖင်ခံတွေဖို့ သူတို့နဲ့တုပပီး ရောနေကြရော့လားလို့ မေးချင်မိတယ်။ စစ်ကြောင်းတခုသွားလာလှုပ်ရှားတိုင်း သတင်းထောက်လို့မရတဲ့နေရာအများစုဟာ ပြူစောထီးတွေပေါတယ်လို့ပြောလို့ရသလို မွတ်စ်လင်ဘာသာဝင်တွေ အများဆုံးနေတဲ့နေရာ တွေဖြစ်တယ်။ ကန့်ဘလူမြို့ပေါ်ဆိုလဲ ထိုနည်းလည်းကောင်း မထူးခြားပါ။စစ်ကြောင်းပျောက်သွားတဲ့နေရာတိုင်းဟာ မွတ်စ်လင်ဘာသာဝင်တွေနေတဲ့ နေရာအများစုပါ။" ဟု မွတ်လစင်များက အကြမ်းဖက်လှုပ်ရှားမှုတွင် ပူပေါင်းပါဝင်ခြင်း မရှိသည့်အတွက် ပြစ်တင်ရေးသားထားသည်ကို တွေ့ရသည်။ 


ထိုသို့ Infinity Group မှ လှုံ့ဆော်ရေးသားထားမှုနှင့် ပတ်သက်၍ ဆရာတော်ဦးဝါသဝ က "Infinity Group ကို ကိုင်ထားတာကတော့ NLD အစွန်းရောက်တွေပဲ။ ဒီ page ကို ကိုင်ထားတဲ့အထဲမှာ အုပ်ချုပ်ရေးအဖွဲ့နဲ့ ပတ်သက်နေသူတွေလည်း ပါမယ်။ ဆရာတော်ရဲ့ လှုပ်ရှားသတင်းတွေကို တိတိကျကျ သိနေတာရှိတယ်။ ဆရာတော်ရဲ့ ရွာက ကန့်ဘလူမြို့နယ်ထဲမှာ မွတ်စလင်အများဆုံး ရွာပဲ။ မြို့ပေါ်မှာတောင် ဦးဇင်းရွာလောက် မများဘူး။ ကန့်ဘလူမြို့နယ်ထဲမှာ ဆိုခဲ့ရင် ဗမာ နဲ့ ကုလား ရောနေတဲ့ ရွာတွေ ရှိပါတယ်။ အဲဒီလိုရွာတွေမှာတော့ မွတ်စလင်အိမ်ခြေက ဗမာအိမ်ခြေထက် ပိုများတယ်။ ဒီကောင်တွေ လှုံ့ဆော်တဲ့နောက်ကို မွတ်စလင်လူငယ်တွေကို လိုက်ပါလုပ်ဆောင်မယ်ဆိုရင် ဘာတွေ ဖြစ်ကုန်မလဲ။ စဉ်းစားကြည့်ကြပေါ့။ ဘာသာရေးပဋိပက္ခဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးရေးသားနေတယ်ဆိုတာ သိသာပါတယ်။ ဦးဇင်းရွာထဲက မွတ်စလင်ဘာသာရေးခေါင်းဆောင်တွေကိုလည်း ဆွေးနွေးထားတယ်။ အားလုံး ဥပဒေဘောင်အတွင်းမှာနေ ထိုင်ကြဖို့။ သူများ အသုံးချခံ မဖြစ်စေဖို့ပေါ့။ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေလိုတဲ့ အကြမ်းဖက်အုပ်စုကတော့ တည်ငြိမ်အေးချမ်းနေတာကို မလိုလားတာပဲ။ ဘက်ပေါင်းစုံကနေ မီးမွှေးပေးမယ်။ ရန်တိုက်ပေးမယ်။ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ တပို့တည်းသမား နွားတွေရဲ့ လှုံ့ဆော်မှုကို မွတ်စလင် လူငယ်တွေရော၊ လူကြီးတွေရော အသိ၊ သတိနဲ့ ဆင်ခြင်သုံးသပ်တတ်ကြဖို့ပဲ ဦးဇင်းအနေနဲ့ သတိပေးလိုပါတယ်။" ဟု မိန့်ကြားသည်။


ဆူပူအကြမ်းဖက်၊ လုပ်ကြံသတ်ဖြတ်မှုတွေကြောင့် တိုင်းပြည်မှာ အများကြီး နစ်နာဆုံးရှုံးခဲ့ရပြီးဖြစ်ကြောင်း၊ PDF အကြမ်းဖက်သမားက သတ်လို့ သေခဲ့ရတဲ့ ရဟန်းရှင်လူ ပြည်သူတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြန်လည်ရှင်းလင်းတဲ့အတွက် PDF တွေ မိသားစုတွေပါ ခေါ်ပြီး တောထဲတောင်ထဲ ပြေးကြရပြီး အတိဒုက္ခရောက်နေကြရကြောင်း၊ ဒီလိုအခြေအနေမှာတောင် ဆူပူအကြမ်းဖက်လှုံ့ဆော်သူတွေ အလိုကျ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ကြအုံးမယ်ဆိုရင်တော့ ဆင်ခြင်တုံတရား ကင်းမဲ့လွန်းရာ ရောက်လိမ့်မည်ဖြစ်ကြောင်း ဆရာတော် ဦးဝါသဝ က ဖြည့်စွက် မိန့်ကြားထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)