MNP ၊ ဩဂုတ် ၅
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်အတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့လည်က အမ်းမြို့လေယာဉ်ကွင်း ရပ်ကွက်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ပညာရေး နှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ အိမ်တွင်းမှုသင်တန်းကျောင်း ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ် ချက်နှင့် လူကုန်ကူးမှု အကြောင်းအရာများ နှင့် လူမှောင်ခိုကူးမှုအ ကြောင်းအရာများကို အ ကျယ်တဝင့် ရှင်း လင်းပြောကြားခဲ့ပြီး ရခိုင်ပြည် နယ် စစ်တွေမြို့အခြေစိုက်အမှတ် (၅) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ် ဖွဲ့စု မှ ရဲအုပ်သန်းဌေးက မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့်လူကုန် ကူးမှုအမျိုးအစားများ၊ လူကုန်ကူးမှုတားဆီးကာ ကွယ်ရေး ဥပဒေများအကြောင်းကို အမျိုးသမီးအိမ် တွင်းမှုသက်မွေးလုပ် ငန်းပညာသင်တန်းကျောင်းမှ သင်တန်းသူများအား အသိပ ညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ အမ်းမြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းခိုင်က သင်တန်းသူများအား လူကုန်ကူးမှုတားဆီးကာ ကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost



No comments:
Post a Comment