အသုံးချခံ PDF နှင့် ဝိသမ လောဘသားများ - Myanmar National Post

Myanmar National Post

News Agency

Breaking

အသုံးချခံ PDF နှင့် ဝိသမ လောဘသားများ


PDF ဟူသည် NLD အစွန်းရောက် ကိုယ်ကျိုးရှာနိုင်ငံရေးသမားများက ဖန်တီးခဲ့သော အကြမ်းဖက်အဖွဲ့အစည်းဖြစ်ပါတယ်။ NLD ပါတီမှ အာဏာရူး ကိုယ်ကျိုးရှာနိုင်ငံရေးသမားများသည် အာဏာလက်မဲ့ဖြစ်ခဲ့ရပြီးနောက် ပြည်သူအများ ၎င်းတို့၏ ဆူပူအကြမ်းဖက်လမ်းစဉ်နောက်တွင် ပါဝင်လာစေရန်၎င်းတို့၏ လူမှုကွန်ရက်စာနှာများမှလည်းကောင်း၊ ၎င်းတို့၏ အပေါင်းအပါ  ပြည်ဖျက်မီဒီယာများမှလည်းကောင်း နည်းမျိုးစံဖြင့် ဆူပူအကြမ်းဖက်၊ လုပ်ကြံသတ်ဖြတ်၊ အဖျက်အမှောင့် လုပ်ငန်းမျိုးစုံ ဖြစ်ပေါ်စေရန် လှုံ့ဆော်ခဲ့ကြတယ်။

ပုဂ္ဂိုလ်ရေးရှေ့တန်းတင် ကိုးကွယ်သူ လူငယ်လူရွယ်များအပြင် ဆင်ခြင်တုံတရားကင်းမဲ့သော သက်ကြီးရွယ်အိုများ၊ သံဃာတော်များကိုပင် NLD အစွန်းရောက် ကိုယ်ကျိုးရှာနိုင်ငံရေးသမားများက အကြမ်းဖက်လမ်းစဉ်နောက်ကို သိမ်းသွင်းခေါ်ဆောင်သွားနိုင်ခဲ့ကြပါတယ်။

PDF အကြမ်းဖက်အဖွဲ့အတွင်း ရောက်ရှိသွားကြသော သံဃာ၊ လူကြီး၊ လူငယ် တို့သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထံ ရောက်ရှိပြီး အကြမ်းဖက်သင်တန်းများ တက်ခဲ့ကြတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံမှ ပြန်လည်ရောက်ရှိလာချိန်တွင် ကိုယ့်ရွာသူရွာသားအချင်းချင်း သတ်ဖြတ်တယ်။ မိမိ၏ ဇာတိရပ်ရွာကိုပင် ပျက်စီးရာ ပျက်စီးကြောင်း မီးရှို့ဖျက်ဆီးသည်အထိ နိုင်ငံရေးအစွန်းရောက်စိတ်နဲ့ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ခဲ့ကြတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ရင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နှိမ်နင်းလို့ သေဆုံးရတဲ့ PDF အကြမ်းဖက်သမား စာရင်းလည်း နှစ်ထောင်အောက် မလျော့ပါဘူး။ PDF အကြမ်းဖက်သမားများက သတ်ဖြတ်လို့ သေဆုံးခဲ့ရတာက သံဃာတော် ၅၂ ပါး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၃၄၈၃ ဦးအထိ သေဆုံးခဲ့ရပြီဖြစ်ပါတယ်။

ပြည်ပြေး နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ လှုံ့ဆော်မှုကြောင့် မှိုင်းမိခဲ့တဲ့ လူငယ်တွေဟာ မိမိကိုယ်ကို အကြမ်းဖက်သမားအဖြစ် အသုံးချခံဘဝကို ရောက်ခဲ့ရပြီး အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းရဲ့ အကျိုးရလတ်ဟာ ကောင်းကျိုးမဟုတ်ဘဲ ဆိုးကျိုးတွေသာ ဖြစ်စေခဲ့ပါတယ်။

နောက်ဆက်တွဲအနေနဲ့ PDF အကြမ်းဖက်အဖွဲ့ဝင်များဟာ မိမိတို့ ရပ်တည်ရှင်နိုင်ရေးအတွက် ငွေကြေး၊ လက်နက်၊ စားနပ်ရိက္ခာ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ခိုး၊ ဆိုး၊ လု၊ နှိုက်၊ ဓားပြတိုက်ရတဲ့ လုပ်ရပ်တွေကိုလည်း လုပ်ဆောင်လာကြပါတယ်။

ပြည်ပြေး နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ လှုံ့ဆော်မှုကြောင့် မှိုင်းမိပြီး နိုင်ငံရေးအစွန်းရောက်စိတ်နဲ့ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်လာတဲ့ PDF အကြမ်းဖက်အဖွဲ့ဝင်တွေရဲ့ လုပ်ရပ်တွေရဲ့ နောက်ကွယ်မှာ အပြစ်မဲ့ ပြည်သူများကို အရင်းပြုပြီး ကိုယ်ကျိုးရှာတဲ့ ဝိသမလောဘသား အုပ်စုကတော့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မှာ ရှိနေပါတယ်။ PDF အကြမ်းဖက်သမားများက အပြစ်မဲ့ ပြည်သူများကို သတ်တယ်။ ဥပဒေအရ အကြမ်းဖက်သမားကို ရှာဖွေဖော်ထုတ် ဖမ်းဆီး တရားစီရင်တဲ့ လုပ်ငန်းစဉ်တွေ ရှိလာပါတယ်။ ဒီနေရာမှာ ဖော်ထုတ်ဖမ်းဆီးရတဲ့ သူတွေကလည်း ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေးကို အလေးထားဆောင်ရွက်ခြင်း မဟုတ်တော့ဘဲ ငွေရရင် အကြမ်းဖက်သမား၊ လူသတ်သမားကို ဂွင်းလုံးကျွတ်လွှတ်ပေးလိုက်တယ်ဆိုတဲ့ လုပ်ရပ်တွေ ကြားသိလာရပါတယ်။ ဖမ်းဆီးရေးအဖွဲ့က ဖမ်းဆီးရမိ အမှုစွဲတင်ပြီး တရားရုံးပေါ် တင်လိုက်ပြန်တော့လည်း ဥပဒေနဲ့အညီ စီရင်ဆုံးဖြတ်တာမျိုး မဟုတ်တော့ဘဲ ငွေကြေးရယူပြီး အမှုပေါ့အောင် ဖန်တီးပေးတာမျိုး၊ ဥပဒေအရ ပြစ်ဒဏ်ချမှတ်တဲ့အခါမှာလည်း သက်ညှာဆောင်ရွက်မှုတွေကို ဥပဒေဘောင်ထဲကနေ လူလိမ်ပညာရှိများပီပီ ကိုယ်ကျိုးကို ရှေးရှုပြီး လုပ်ဆောင်လာကြပါတယ်။

အုပ်ချုပ်ရေးထဲက ဝိသမလောဘသားများကြတော့ ပြည်ပြေးခွင့်မရဘဲ ကျန်နေတဲ့ နီပိန်းအကြမ်းဖက်လှုံ့ဆော်သူ ခေါင်းဆောင်တွေနဲ့ ပဏာသင့်ပြီး အမှုပွဲစား၊ အမှုဖြေလျော့ပေးရေး၊ အမှုဖျောက်ပေးရေး လုပ်ငန်းတွေနဲ့ ကိုယ်ကျိုးရှာကြပါတယ်။

အခုနောက်ပိုင်းမှာတော့ ဝိသမလောဘသား တစ်အုပ်စု ထပ်တိုးလာပါတယ်။ အဲဒါကတော့ တည်ငြိမ်အေးချမ်းမှုကို လိုလးသယောင်၊ အကြမ်းဖက်နှိမ်နင်းရေးမှာ တပ်မတော်နဲ့ လက်တွဲပြီး လုပ်ပေးတော့မှာလိုလိုနဲ့ အကြမ်းဖက်နှိမ်နင်းရေးအတွက် ကူညီဆောင်ရွက်သူ အမည်ခံ ဓားပြအုပ်စုတွေ ထွက်ပေါ်လာတာကို ဝမ်းနည်းဖွယ် မြင်တွေ့ရပါတယ်။ သူတို့တွေဟာ PDF အကြမ်းဖက်သမား အသွင်ယူပြီး ခိုး၊ ဆိုး၊ လု၊ နှိုက်၊ ဓားပြတိုက် တဲ့ လုပ်ရပ်တွေ ကျူးလွန်လာကြပါတယ်။ လက်လွန်ခြေလွန် ဖြစ်သွားတဲ့ ဖြစ်စဉ်တွေမှာ PDF လို့ နာမည်တပ်ပြီး သတင်းတုတွေ ဖန်တီးရေးသား တင်ပြကြပါတယ်။ ဒါမျိုးဖြစ်စဉ်တွေကတော့ မန္တလေးတိုင်းဒေသကြီးမှာ အဆိုးဆုံး ဖြစ်ပေါ်နေပါတယ်။ မန္တလေးမြို့ပေါ်မှာ PDF နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရင်ဆိုင်တိုက်ပွဲဖြစ်ပြီးကတည်းက PDF လှုပ်ရှားမှု မရှိသလောက် ရှားသွားပေမယ့် ရာဇဝတ်မှုတွေ မကြာခဏ ပေါ်ပေါက်နေတာကို သတိပြုမိကြပါလိမ့်မယ်။

တပ်မတော်အရာရှိယောင်ဆောင်ပြီး ငွေကြေးတောင်းခံတာမျိုး၊ စစ်ဆေးရေးအဖွဲ့လိုလိုနဲ့ ဓားပြတိုက်တာမျိုးတွေအထိ ကျူးလွန်ခဲ့ကြတဲ့ ရာဇဝတ်မှုတွေဟာ အင်မတန်မှ အော့နှလုံးနာစရာ ကောင်းတဲ့ ဝိသမလောဘသားတွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေဖြစ်ပါတယ်။

သံသရာစက်ဝန်းကို ပိုင်းဖြတ်ပြီး လေ့လာကြည့်မယ်ဆိုရင်တော့ ပြည်ပသြဇာခံ လက်ဝေခံ ပြည်ပြေးများကလည်း သူတို့ရယူထားတဲ့ ငွေကြေးအထောက်အပံ့အတွက် ပြည်သူကို အကြမ်းဖက်သမားများအဖြစ် အသုံးချပြီး ပြည်ဖျက်လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ပါတယ်။ PDF က သတ်လိုက်လို့ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူတွေ သေဆုံးရရင် ဂုဏ်ယူဝံ့ကြွားစွာနဲ့ မကြာမီနိုင်တော့မှာလို့ ထပ်ဆင့်လှုံ့ဆော်ပါတယ်။ PDF အကြမ်းဖက်သမားလေးတွေ ကျဆုံးရတဲ့ သတင်းတွေကိုကြတော့ သူတို့ကို ထောက်အံအားပေးနေတဲ့ သူတွေ စိတ်ဓာတ်မကျအောင် ထိန်ချန်ထားပါတယ်။ သူတို့မှာ ဝိုင်းဝန်း လိမ်ညာဖုံးဖိပေးမယ့် မီဒီယာအားကောင်းပါတယ်။

PDF အဖွဲ့ထဲ ရောက်ရှိသွားသူတွေထဲမှာလည်း ပုဂ္ဂိုလ်ရေးရှေ့တန်းတင်မှုနဲ့ တပ်မတော်ကို မုန်းတီးစိတ်တွေကို အခြေခံပြီး ပြည်ပြေးတွေ ခင်းကျင်းတဲ့ အခင်းအကျင်းအထဲ တိုးဝင်မိရာက ရုန်းမထွက်နိုင်တဲ့အခြေအနေမျိုးမှာ ဆင်ကန်းတောတိုး ဇွတ်မိုက်နေရတဲ့ သဘောဖြစ်ပါတယ်။ ဒီအဖွဲ့ထဲက ရုန်းထွက်မယ်ဆိုပြန်တော့လည်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပြန်လည် ချီနှောင်ခံရပြီး ရာဇဝတ်မှုတွေကို ထပ်ဆင့်ထပ်ဆင့် ကျူးလွန်ပေးနေရတဲ့ အခြေအနေမျိုး ဖြစ်လာပါတယ်။ ဒီအထဲမှာ နည်းနည်း လူပါးဝ၊ လူရည်လည်တဲ့ PDF များကတော့ နိုင်ငံရေးနဲ့ မဆိုင်တော့ဘဲ ခိုး၊ ဆိုး၊ လုနှိုက်၊ ဓားပြတိုက်တဲ့ လုပ်ရပ်တွေ ကျူးလွန်ပြီး ကိုယ်ကျိုးရှာလာကြခြင်းပဲဖြစ်ပါတယ်။

အထူးသဖြင့် သတိပေးလိုတာကတော့ PDF အဖွဲ့ထဲ ရောက်ရှိနေကြတဲ့ လူငယ်များ ပြည်ပသြဇာခံ ပြည်ပြေးများကလည်း PDF ကို အသုံးချပြီး နိုင်ငံတကာ အထောက်အပံ့ကို ရှာနေကြပါတယ်။ အကြမ်းဖက်နှိမ်နင်းရေး တရားဥပဒေစိုးမိုးရေး အကောင်အထည် ဖော်နေသူများကလည်း နာမည်ဆိုးထွက်နေတဲ့ PDF ကို အကြောင်းပြုပြီးတော့ဘဲ ကိုယ်ကျိုးရှာမှုတွေ ဖြစ်လာပါတယ်။ နောက်ထပ်ပေါ်ပေါက်လာတဲ့ ဝိသမလောဘသား အုပ်စုကလည်း ရာဇဝတ်မှုတွေက ကျူးလွန်ပြီး PDF လို့ လွှဲချလာကြတယ်။

နိုင်ငံရေးအစွန်းရောက်စိတ်နဲ့ PDF ထဲ ရောက်ခဲ့တဲ့ လူငယ်တွေကို အကြောင်းပြုပြီး ဘက်ပေါင်းစုံက ကိုယ်ကျိုးရှာနေမှုတွေကို ကြားသိလာရတယ်။ PDF ဟာ ပြည်ပြေးတွေအတွက်လည်း အလုပ်အကျွေးပြုရတယ်။ ဥပဒေလက်တစ်လုံးခြား လုပ်ပြီး ကိုယ်ကျိုးရှာလိုသူတွေအတွက် အသုံးချခံဖြစ်လာတယ်။ ဝိသမလောဘသားတွေရဲ့ အမည်အလွဲသုံးစားလုပ်ခြင်းကိုလည်း ခံရပြန်တယ်။

PDF ထဲကို ရောက်နေကြသော လူငယ်များ အမြန်ဆုံး PDF အဖွဲ့ထဲက ရုန်းထွက်ကြပါတော့။ ပြည်ပကို ရောက်နေကြတဲ့ လူငယ်တွေအနေနဲ့လည်း ကောင်းရာမွန်ရာ ရတဲ့ အလုပ်ကို ရှာပြီး ကိုယ့်မိသားစုအတွက် ပြန်လည်စောင့်ရှောက်နိုင်အောင် ကြိုးစားကြပါတော့။ ပြည်တွင်းမှာ ရှိနေတဲ့ PDF အဖွဲ့ထဲက လူငယ်တွေအနေနဲ့လည်း ပြည်ပြေးတွေအတွက် အလုပ်အကျွေးပြုနေခြင်းအားဖြင့် ရလာဒ်ကောင်းထွက်လာစရာ အကြောင်းမရှိဘူးဆိုတာ သုံးသပ်မိကြလိမ့်မယ်ထင်ပါတယ်။ ပြည်ပြေးတွေ ပေးထားတဲ့ အထောက်အပံ့၊ လက်နက် အားလုံးကို စွန့်လွှတ်ပြီး ကိုယ့်ဘဝကိုယ် ပြန်လည်တည်ဆောက်ကြပါတော့။

PDF အကြမ်းဖက်အဖွဲ့ဝင်များအနေနဲ့ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင်၊ ဥပဒေစိုးမိုးမှုကင်းမဲ့အောင်၊ နစကရဲ့ ယန္တရား ပျက်ပြားအောင် လုပ်ဆောင်နိုင်စွမ်းဟာ ၁၀ရာခိုင်နှုန်းထက် မပိုပါဘူး။ ဘက်ပေါင်းစုံက ဝိသမလောဘသားတွေရဲ့ ဥပဒေလက်တစ်လုံးခြားလုပ်ပြီး ကိုယ်ကျိုးရှာအမြတ်မှုတွေကြောင့် တိုင်းပြည်ဟာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားနေခြင်းဖြစ်ပါတယ်။ PDF အကြမ်းဖက်အဖွဲ့အတွင်းမှ လူငယ်များ ကိုယ့်ရွာသူ ရွာသားအချင်းချင်းလည်း မသတ်ချင်ကြပါနဲ့တော့။ လူသတ်ပြီး ငွေရှာတဲ့ လုပ်ရပ်တွေကိုလည်း စွန့်လွှတ်လိုက်ကြပါတော့။ ဝိသမလောဘသားတွေရဲ့ အသုံးချခံ အဖြစ်ကနေ အမြန်ဆုံး ရုန်းထွက်နိုင်ကြပါစေကြောင်း ။  ။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)