MNP - ဩဂုတ် ၅
ကျောင်သား၊ ကျောင်းသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကြောင်းအရာများကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်၊ ပင်မဆောင်ခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာခင်သီတာက အဖွင့်အမှာစကားပြောကြားခဲ့ကာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ ဆောင်ရေးကြီးကြပ်ရေးမှူး ကော်မတီ(YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ယာဉ်အန္တရာယ၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ပြီး သိပ္ပံပညာရှင်၊ သိပ္ပံစာရေးဆရာပါ မောက္ခကိုကိုအောင်က Road Safety နှင့် ပတ်သက်၍ တက်ရောက်လာကြသည့် ဌာနမှူး ဆရာကြီး၊ ဆရာမကြီးများ၊ အနောက်ပိုင်းတက္ကသိုလ်ရှိ အရာထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေးဟောခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲသို့ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဆရာမကြီးဒေါက်တာသန္တာ၊ ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာသက်သက်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်ရှိဌာန အသီးသီးမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက် ရောက်ခဲ့ကြကြောင်းလည်း သိရသည်။
သတင်း - ဇင်မင်းထိုက်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment