ကျိုင်းတုံမြို့၌ ပြည်နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ် အခမ်းအနားကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုင်းတုံမြို့၌ ပြည်နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ် အခမ်းအနားကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်


MNP - ဩဂုတ်   ၅


ကျိုင်းတုံမြို့၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်က အမှာစကားပြောကြားပြီး  ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစည်သူအောင်က ပြည်နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်အခမ်းအနားကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ထို့နောက် ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး(ရှမ်းအရှေ့) ဒေါက်တာဝင်းလဲ့ထွဋ် က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဩဂုတ်လ ဒုတိယပတ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ် အခမ်းအနားကျင်းပပြုလုပ်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများက ပြည်နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်အခမ်းအနားကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - အောင်ဇင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)