MNP - သြဂုတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ (၃)မိုင်မြို့သစ်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းတွင် ယမန်နေ့နံနက်၉နာရီ အချိန်ကဝန်ထမ်းများနှင့် သင်တန်းသားများအား အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် လပွတ္တာခရိုင်ရဲမှူးကြီး ဟန်ဝင်းမောင်က မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးဆိုင်ရာ သိကောင်းစရာခေါင်းစဉ်ဖြင့် လည်းကောင်း၊ လပွတ္တာခရိုင်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစည်သူစိုးက သဘာဝဘေးအန္တရာယ် ကာကွယ် တားဆီးရေးဆိုင်ရာ သိကောင်းစရာခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင် ဦးက စာဖတ်ကြပါ ခေါင်းစဉ်ဖြင့်လည်းကောင်း လပွတ္တာခရိုင် (၈၃)ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီးသောင်းမျိုးလွင်က ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ဟောပြောခဲ့ရာ စက်မှုလက်မှုပညာသင်တန်းကျောင်းရှိ ဝန်ထမ်းများနှင့် သင်တန်းသား (၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment