သဲကုန်းမြို့နယ်တွင် ချောင်းရေလျှံမှုကြောင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သဲကုန်းမြို့နယ်တွင် ချောင်းရေလျှံမှုကြောင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်

 


MNP - ဩဂုတ်   ၂၁


ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ယနေ့ နေ့လယ်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် သဲကုန်းမြို့နယ်၊ အင်းမမြို့၊ ကရင်ကုန်းကျေးရွာ အုပ်စုရှိ လှည်းဝိုင်းကုန်းကျေးရွာ၊ သစ်ဆနွင်း ကုန်းကျေးရွာများအတွင်းသို့ ညောင်စင်ချောင်းနှင့် မြွေတူးချောင်း ရေပြည့်လျှံမှုကြောင့် ကရင်ကုန်းကျေးရွာ အုပ်စုရှိ အိမ်ခြေ (၈၀)ခန့်မှာ နေအိမ်များထဲသို့  ရေသုံးပေခန့် ဝင်ရောက်ခဲ့ကြောင်း သိရသည်။


ရေဝင်ရောက်နေအိမ်မှ ပြည်သူများကို ရေလွတ်ရာနေရာများသို့  သဲကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ အင်းမမြို့အုပ်ချုပ်ရေးမှူးတို့၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များနှင့် ကျေးရွာပြည်သူများမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုကြောင့် ပစ္စည်းဆုံးရှုံးမှုများ၊ လူတိရိစ္ဆာန် ပျက်စီးမှုမရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)