ရန်ကုန်တိုင်းဒေသကြီးတွင် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီးတွင် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကျင်းပ



MNP - ဩဂုတ်   ၂၁


ရန်ကုန်တိုင်းဒေသကြီး ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)ခန်းမ၌ ကျင်းပရာ တိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွှန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဖိတ်ကြားထားသူများနှင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ တက်ရောက်ကြသည်။


ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးတို့က မင်္ဂလာဖားစည် (၉)ချက်တီးပြီး ကရင်တိုင်းရင်းသားများက ကျွဲဂျိုတစ်ပြိုင်တည်းမှုတ်ကာ အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ကရင်ဒုံးယိမ်းအကဖြင့် ကပြ ဖျော်ဖြေသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ယနေ့ကျင်းပသည့် ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားသည် ကရင်တိုင်းရင်းသားများ အလေးအနက်ထား သည့် ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာအရ ထိန်းသိမ်းလာခဲ့ကြသည့် ပွဲဖြစ်ပါကြောင်း၊ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားသည် ကွဲကွာနေကြ သည့် ဆွေမျိုးများ၊ မိသားစုများ ပြည်လည် ဆုံတွေ့ကြရန်၊ အချင်းချင်းချစ်ကြည်ရင်းနှီးမှုများနှင့် တစ်ဦးကို တစ်ဦး ကူညီစောင့်ရှောက်ကြရန်၊ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ဝတ်စားဆင်ယင်မှုများ မပျောက် ကွယ်စေရန်စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပသည့်ပွဲဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုး များ၏ နေ့ထူးနေ့မြတ် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပရာတွင် မိမိတို့ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနအနေဖြင့် ဆက်လက်အားပေးကူညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုအချိန် အခါသည် မြန်မာနိုင်ငံကို ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာစေရေး ရည်မှန်းလျက် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အပြန်အလှန် ယုံကြည်မှု၊ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းတည်ဆောက်ကြရ မည့် အချိန်ကာလလည်းဖြစ်ပါကြောင်း ပြောကြားသည်။


ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက နှုတ်ခွန်းဆက်စကား ပြောကြား သည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ မန်းသန်းဝင်းဦးက ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား ကျင်းပခြင်းနှင့် ပတ်သက်သည့် စာတမ်းကို ဖတ်ကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့က ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ ကျင်းပရေးကော်မတီထံ ထောက်ပံ့ငွေများပေးအပ်ပြီး တိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီးနှင့် ဧည့်သည်များက ရိုးရာယဉ်ကျေးမှုအကအဖွဲ့ကို ချီးမြှင့်ငွေများပေးအပ်သည်။


ထို့နောက် ကရင်အဘိုးအဖွားများက ဧည့်သည်တော်များ၊ လူငယ်မောင်မယ်များ၊ အခမ်းအနားသို့ တက်ရောက် လာကြသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများကို ချည်ဖြူဖွဲ့ပေးခဲ့ကြောင်း သိရသည်။


သတင်း - အောင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)