MNP ၊ သြဂုတ် ၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူများအား ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပေါ်တတ်သည့် သွေးလွန်တုန်ကွေးရောဂါများမကျရောက် စေရန်အတွက် မြို့ပေါ်ပရဟိတအသင်းများပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဆေးဖြန်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျောက်ဖြူမြို့ပေါ် ပရဟိတအသင်းများဖြစ်သည့် ဓူဝံကြယ်နာရေးကူညီမှု အသင်း၊ လေးဝတီကုလရက္ခိတပရဟိတအသင်း၊ လင်းရောင်ခြည်ပရဟိတအသင်းနှင့် ရက္ခိတရင်ခွင်သာရေး နာရေးအသင်းတို့အသင်းတို့ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများဖြစ်သည့် အမှတ် (၁)၊ အမှတ်(၂)၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းများ၊ အလယ်တန်းကျောင်းများ၊ မူလတန်း ကျောင်းများ၊ မူလွန်ကျောင်းများ စသည့် အခြေခံပညာကျောင်း(၁၄)ကျောင်း၊ မူလတန်းကြိုကျောင်း(၄) ကျောင်းနှင့် ဘုန်းတော်ကြီးပညာသင်ကျောင်း(၄)ကျောင်းသို့သွားရောက်ကာ ၎င်းကျောင်းများရှိ စာသင်ခန်း များ၊ ရုံးခန်းများနှင့် ကျောင်းခြံဝန်း အတွင်း/အပြင်တို့အား မာလာသီယွန်ဆေးဖြန်းပေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost



No comments:
Post a Comment