နတ်တလင်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေး ရက်သတ္တပတ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်တလင်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေး ရက်သတ္တပတ်ဆောင်ရွက်



MNP - ဩဂုတ်  ၂၆


ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေး ရက်သတ္တပတ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေးရက်သတ္တပတ် အစီအစဉ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ငုံဖူးဝေမြင့်မှ ရက်သတ္တပတ်အစီအစဉ် ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ မြို့နယ်သူနာပြုအဆင့် ၁ ဒေါ်ခင်မြင့်ကြည်မှ အိုင်အိုဒင်းဆားကို စားသုံးခြင်းဖြင့် လည်ပင်ကြီးရောဂါ ကာကွယ်ပေးခြင်း၊ ကလေးများဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ခြင်း အကျိုးကျေးဇူးများ ရရှိစေကြောင်း ပြောကြားခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များအား အိုင်အိုဒင်းဆားထုပ်များ၊ ကြက်ဥများ ပေးအပ်ခဲ့ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရသည်။


သတင်း - ဝေယံဖြိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)