မန်တုံမြို့နယ်၌ အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် ရေးကြီးရေလျှံမှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန်တုံမြို့နယ်၌ အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် ရေးကြီးရေလျှံမှုဖြစ်ပွား



MNP - သြဂုတ်   ၈


ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့တွင် သြဂုတ်လ(၇)ရက်နေ့ ညဦးပိုင်းမှစ၍ မိုးများအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့နံနက် ၀၃:၀၀ နာရီခန့် မန်တုံမြို့တွင် စီးဆင်းနေသော နမ့်ကုမ်ချောင်းရေကြီး၍ ရေးကြီးရေလျှံမှု စတင်ဖြစ်ပွားခဲ့ပြီး မြို့လယ်တံတားနစ်မြုပ်ကာ ချောင်းဘေးတစ်လျှောက် မြေနိမ့်ရာနေရာများ၊ မြို့လယ်လမ်းဘေးဝဲယာမှ အိမ်များနှင့်ဈေးဆိုင်ခန်းများအတွင်းသို့ ရေများဝင်ရောက်ခဲ့ကြောင်း သိရသည်။


အဆိုပါ ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ်အတွင်း မြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ်ဦးစီး ဦးဝေလွင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့အင်အား (၃+၁၅)ဦးမှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီးနံနက်(၀၈:၀၀)နာရီ အချိန်၌ လူနေအိမ်များ၊ ဈေးဆိုင်ခန်းများအတွင်းသို့ ဝင်ရောက်လျက်ရှိသော ရေများမှာ ကျဆင်းသွားပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှ ရေတင်ကျန်ရှိခဲ့သော ရွှံ့နွံ့၊ နုန်းမြေများအား ပြည်သူများသွားလာရလွယ်ကူစေရန် ရှင်းလင်းရေး ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


မန်တုံမြို့တွင် မိုးတွင်းကာလအတွင်း တစ်နှစ်(၁)ကြိမ် ရေကြီးရေလျှံမှုများဖြစ်ပွားတတ်ပြီး ယခုနှစ် ရေကြီးရေလျှံမှုကြောင့် အိမ်ခြေ(၅၀)ခန့်အတွင်းသို့ရေများ ဝင်ရောက်ခဲ့ကြောင်းနှင့်လူ၊ တိရစ္ဆာန်နှင့်ပစ္စည်းများ  ဆုံးရှုံးမှုမရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)