MNP - သြဂုတ် ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်နှင့်ခေါင်းဆောင်မှု အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က အ-လ-က(ခွဲ) ကျောင်း(ဝမ်ပုံ)ကျေးရွာတွင် ဟောပြောပွဲ ကျင်းပခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစံနွမ်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးထိန်လင်းမှ ကျောင်းသား/သူများအနေဖြင့် အနာဂတ်တွင် ခေါင်းဆောင်ကောင်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်၊ လမ်းမှားမရောက်ရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် လူငယ်နှင့်ခေါင်းဆောင်မှု အခန်းကဏ္ဍမှ ပြင်းပြသောဆန္ဒ၊ ရည်မှန်းချက်၊ ဝိရိယနှင့်ဇွဲရှိရေး၊ အသိပညာပြည့်ဝမှုစသည့် အကြောင်းအရာများကို ကျောင်းသား/သူ လူငယ်များအတွက် အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်အားကစားမှူးမှ အားကစားပစ္စည်းများကို ဆရာမများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment