ခနောက်စိမ်းသန့်စင်စက်ရုံ တည်ဆောက်နိုင်ရေး ကရင်ပြည်နယ်ဝန်ကြီးချုပ်အား လာရောက်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခနောက်စိမ်းသန့်စင်စက်ရုံ တည်ဆောက်နိုင်ရေး ကရင်ပြည်နယ်ဝန်ကြီးချုပ်အား လာရောက်တွေ့ဆုံ


MNP ၊ ဩဂုတ် ၃၁

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း Than Lwin Shwe Technology Co.,Ltd မှ အမေရိကန်ဒေါ်လာ ၂ သန်းခန့် ရင်းနှီးမြှပ်နှံ၍ ခနောက်စိမ်းသန့်စင်စက်ရုံတည်ဆောက်နိုင်ရေး အတွက် ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များအား ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။


ထိုသို့ တွေ့ဆုံရာတွင် Than Lwin Shwe Technology Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက တစ်နှစ်လျှင် ခနှောက်စိမ်းတန်ချိန်(၉၀၀)ခန့် ထုတ်လုပ်နိုင်သော (၄၅)နှစ်သက်တမ်းရှိ ခနောက်စိမ်းသန့်စင်ရုံကို တည်ဆောက်လိုကြောင်း၊ မြေဧရိယာ ၈ ဧကမှ ၁၀ ဧကခန့်ပေါ်တွင် မီးခိုးထွက်မှုမရှိသလောက်နည်းပါးသော သန့်စင်သည့်နည်းပညာကို အသုံးပြုသွားမည်ဖြစ်ပြီး ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်း အဆင့်ဆင့်ရေးဆွဲတင်ပြရန်နှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)