နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ငွေဖြင့် ကချင်ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်စနစ်များ‌၊ စီမံကိန်းလုပ်ငန်းများ မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ငွေဖြင့် ကချင်ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်စနစ်များ‌၊ စီမံကိန်းလုပ်ငန်းများ မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး


MNP ၊ သြဂုတ် ၃၁

နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေမှ မတည်ငွေဖြင့် ကချင်ပြည်နယ် စီးပွားမြှင့်တင်ရေးဆောင် ရွက်သွားမည့် လုပ်ငန်းစဉ်စနစ်များ၊ စီမံကိန်းလုပ်ငန်းများ မြန်ဆန်စွာအကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေး၊ ဘဏ္ဍာလုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၃၀ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေမှ မတည်ငွေကျပ် ၈ ဘီလီယံအား ပြည်နယ်စီးပွား မြှင့်တင်ရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ရသော ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းလုပ်ငန်းများအတွက် လုပ်ငန်းစဉ်စနစ်များ ရေးဆွဲပြီး စီမံကိန်းလုပ်ငန်းများ မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားနိုင်ရေး၊ သက်ဆိုင်ရာဌာနဆိုင်ရာများ အနေဖြင့် လုပ်ငန်းတာဝန်များအလိုက် စနစ်တကျ စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။


ထို့နောက် ပြည်နယ်စီးပွားမြှင့်တင်ရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက စီမံကိန်းလုပ်ငန်းများအတွက် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်သမဝါယမဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယလုပ်ငန်းများနှင့် ငါးလုပ်ငန်းများတွင် မြစိမ်းရောင်စီမံကိန်းပုံဖြင့် ကျေးရွာများ ရွေးချယ်သတ်မှတ်၍ အရင်းမပျောက်မတည်ငွေဖြင့် ဆောင်ရွက်သွားမည့် စီမံကိန်းလုပ်ငန်းစဉ်များ၊ အတိုးနှုန်းနှင့် ချေးငွေသက်တမ်း သတ်မှတ် ဆောင်ရွက်နိုင်ရေး၊ လေ့ကျင့်ပညာပေးသင်တန်းများနှင့် ဆောင်ရွက်ရ မည့်လုပ်ငန်းစဉ်များနှင့် တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက စီမံကိန်းလုပ်ငန်းများအပေါ် ဆွေးနွေး တင်ပြကြသည်။


တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန် ပုံငွေဖြင့် စိုက်ပျိုးရေး ဆောင်ရွက်သော ခရိုင်/မြို့နယ်အဆင့်ဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းနိုင်ရေး၊ သက်ဆိုင်ရာဦးစီးဌာနများအနေဖြင့် လက်စွဲစာစောင်နှင့်အညီ ကျေးရွာများရွေးချယ် သတ်မှတ်သွားရေး၊ ရန်ပုံငွေများကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံးဆောင်ရွက်ရေး၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများ စိစစ်တင်ပြနိုင်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)