MNP - ဩဂုတ် ၂၈
ရန်ကုန် မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌နေထိုင်ကြသည့် မိဘပြည်သူများ စားသုံးဆီကိုဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်မြန်မာ နိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီမံဆောင်ရွက်သည့် အစီအစဉ်ဖြင ်Ayeyar Hin thar Trading Co ., Ltd မှ တာဝန်ခံနှင့် အဖွဲ့ဝင်များသည် စာသုံးဆီများကို မိဘပြည်သူများ လက်ဝယ်သို့ အရောက်ဈေးကားဖြင့် ကွင်းဆင်းလှည့်လည်၍ သက်သာသော နှုန်းထားတို့ဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် (၈) နာရီမှ စတင်ကာ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အလယ်ကျေးရွာ၌ လူ(၁)ဦးလျှင် meda တံဆိပ် ဆီ(၁)ပိဿာကိုငွေကျပ်(၅၀၀၀/-)နှုန်းဖြင့် ရောင်းချပေးခဲ့သည်။
ယင်းသို့ စားသုံးဆီများအား သက်သာသောနှုန်းထားဖြင့် လူ(၁)ဦးလျှင် ရွှေတောင်တံဆိပ် ဆီ(၁)ပိဿာနှုန်းဖြင့် မိဘပြည်သူများ၏ လက်ဝယ်သို့အရောက် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
သတင်း - ဝေလွင်ကျော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment