ကျောက်ဖြူမြို့တွင် (၂၃)နှစ်မြောက် မြန်မာ့တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဖြူမြို့တွင် (၂၃)နှစ်မြောက် မြန်မာ့တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပ

 








MNP ၊  ဩဂုတ်  ၂၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ (၂၃)နှစ်မြောက်  မြန်မာ့တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၈)နာရီ(၃၀)အချိန်က ကျောက်ဖြူပညာရေးဒီဂရီကောလိပ်ရှိ ပညာတန်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်သည်။ 

ရှေးဦးစွာ ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်က နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင် တစ်ခုအပါဝင်ဖြစ်သည့် တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိမ်းသိမ်းစောင့်ရှောက်ရေးဆိုသည့်အတိုင်း ယခုလို ဆိုကရေးတီးပြိုင်ပွဲများကို ပြုလုပ်ကျင်းပရခြင်းဖြစ်ကြောင်း၊ ယခုလိုပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် မိမိတို့၏ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရာ ရောက်ပါကြောင်း၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း မိမိတို့မြို့နယ်၊ မိမိတို့ကျောင်းအား ဂုဏ်ပြုအတုယူဖွယ်ဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း အဖွင့်အမှာ စကား ပြောကြားသည်။ 

ထို့နောက် နိုင်ငံတော်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် ရွှေတံဆိပ်(၃)ဆု၊ ငွေတံဆိပ်(၂)ဆု၊ ကြေးတံဆိပ်(၅)ဆုရရှိခဲ့သည့် ကျောက်ဖြူမြို့နယ်မှ ကိုနေဇော်ညွန့်မှ မိုးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့သည်။ ယင်းနောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်အားဆက်လက်ကျင်းပရာ  ကျောက်ဖြူခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ အဆိုပြိုင်ပွဲတွင် အခြေခံပညာအဆင့် အသက် ၁၀ နှစ်မှ ၁၅ နှစ်အထိ အမျိုးသား(၇)ဦး၊ အမျိုးသမီး(၅)ဦး၊ အခြေခံပညာအဆင့် အသက် ၁၅ နှစ်မှ ၂၀ နှစ်အထိ အမျိုးသား(၃)ဦး၊ အမျိုးသမီး (၄)ဦး၊ အဆင့်မြင့်ပညာအဆင့်တွင် အမျိုးသား(၂)ဦး၊ အမျိုးသမီး (၁)ဦး၊ ဝါသနာရှင်ဒုတိယတန်းအဆင့် တွင် အမျိုးသား(၃)ဦး၊ အမျိုးသမီး(၄)ဦး၊ အကပြိုင်ပွဲတွင် အသက် ၁၅ နှစ်မှ ၂၀ နှစ်အထိ အမျိုးသမီးကဗျာလွတ်ယိမ်း၊ ဝါသနာရှင်(ဒုတိယတန်းအဆင့်)အမျိုးသား(၁)ဦး၊ အတီး ပြိုင်ပွဲတွင် အခြေခံပညာ အသက် ၁၅ နှစ်မှ ၂၀ နှစ်အထိ အမျိုးသမီး (၁)ဦး၊ ဝါသနာရှင် (ဒုတိယတန်းအဆင့်) (၁)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီမှ သိရသည်။ 

အဆိုပါအခမ်းအနားသို့ ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် အနုပညာရှင် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)