MNP - ဩဂုတ် ၂၈
ရခိုင်ပြည်နယ်၊ မြောက်ဉီးခရိုင်၊ မြေပုံမြို့၌ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားနှင့် လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေ (၃)နာရီအချိန်က အ.ထ.က (သဲတန်း) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲအခမ်းအနားတွင် အ.ထ.က(သဲတန်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းအေးက အဖွင့်အမှာစကားပြောကြားရာ၌ မိမိတို့ကျောင်း၌ ကျောင်းသား/သူများအား ကာယပညာလေ့ကျင့် သင်ကြားပြသပေးမည့် ကာယပညာဆရာ မရှိသေးသော်လည်း ယခုလာရောက် ဟောပြော ပြသပေးသော မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၏ ဟောပြောသရုပ်ပြသမှုများကို အလေးထားလိုက်နာဆောင်ရွက်ကြရန်နှင့် လိုအပ်ပါက ကာယအချိန် များတွင် လာရောက်ပြသပေးရန် အကူအညီတောင်းခံထား ကြောင်းပြောကြားသည်။ ထို့နောက် မြို့နယ်အားကစားမှူးမှ လူငယ်နှင့် ခေါင်းဆောင်မှု ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပြီးနောက် အ.ထ.က(သဲတန်း)၌ လိုအပ်လျှက် ရှိသော အားကစားပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီးထံသို့ ပေးအပ်သည်။
ကာယကြံ့ခိုင်မှု သရုပ်ပြပွဲတွင် မထက်ထက်သူနှင့် မခင်နန္ဒာအေးတို့က Fitness Dance အကဖြင့် သရုပ်ဖော်ကပြသည်။ အားကစားအခြေခံ အကြောလျော့လေ့ကျင့်ခန်းကို ဦးခိုင်ရဲသွင်မှ သရုပ်ပြသပြီး ကျောင်းသား/သူများနှင့်အတူ အကြောလျော့လေ့ကျင့်ခန်းများ သရုပ်ပြလေ့ကျင့် ကြကြောင်း သိရသည်။
သတင်း - တင်ဝင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment