နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ဒက္ခိဏသီရိမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးဏ္ဍ ဖွံဖြိုးတိုးတက်ရေး တောင်သူများနှင့်တွေ့ဆုံပြီး ကမ္ဘာကျော်ဓာတ်မြေသြဇာ စက်ရုံရှိ လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား လှည့်လည်ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ဒက္ခိဏသီရိမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးဏ္ဍ ဖွံဖြိုးတိုးတက်ရေး တောင်သူများနှင့်တွေ့ဆုံပြီး ကမ္ဘာကျော်ဓာတ်မြေသြဇာ စက်ရုံရှိ လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား လှည့်လည်ကြည့်ရှု



MNP - ဩဂုတ်   ၃၀


နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုးသည် ယမန်နေ့မွန်းလွဲ(၃)နာရီက ဒက္ခိဏသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနဲ့အတူ ဒက္ခိဏသီရိ စက်မှုဇုန်ရှိ ကမ္ဘာကျော် ဓာတ်မြေသြဇာစက်ရုံတွင် မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံဖြိုးတိုးတက်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး စက်ရုံရှိ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေအား လှည့်လည်ကြည့်ရှုခဲ့သည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက စက်ရုံတာဝန်ခံနှင့် တောင်သူများအား တွေ့ဆုံရာတွင် လူမှုစီးပွားဘဝမြင့်မားရေးကို နိုင်ငံတော်မှအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသဖွံ့ဖြိုးစေရေးအတွက် စိုက်ပျိုးရေးထုတ်ကုန်များ တိုးတက်စေရေးနှင့် အထွက်နှုန်း ကောင်းမွန်စေရေးတို့ကို အလေးထား ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံ ပြီး ကျေးလက်ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် သက်ဆိုင် ရာ ဌာနဆိုင်ရာ များက ပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်း ရှင်းလင်းပြောကြားသည်။


ထို့နောက် ကမ္ဘာကျော် ဓာတ်မြေသြဇာစက်ရုံမှ မန်နေးဂျင်းဒါရိုက်တာ ဦးရဲမင်းအောင်က စက်ရုံနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ဓာတ်မြေဩဇာ ထုတ်လုပ်ပုံအဆင့်ဆင့်၊ ဓာတ်မြေဩဇာမှ သုံးစွဲနိုင်သော သီးနှံပင်များ၊ ပုံမှန်သုံးစွဲခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများနှင့် အသုံးပြုပုံ အဆင့်ဆင့်တို့အား ရှင်းလင်းတင်ပြသည်။


ယင်းနောက် တက်ရောက်လာကြသည့် တောင်သူများက လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး စက်ရုံအတွင်း  လှည့်လည်ကြည့်ရှုရာ စက်ရုံတာဝန်ခံက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။


သတင်း - အောင်ကိုကို


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)