MNP - ဩဂုတ် ၅
၂၀၂၂ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံး ပြိုင်ပွဲဖွင့်ပွဲကို ယနေ့မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ အောင်သံလွင် အားကစားကွင်း၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဌာနဆိုင်ရာဝန်ထမ်းများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုတိုးပွားရန် အားက စား လှုပ်ရှားဆောင်ရွက်ခြင်းဖြင့် လန်းဆန်းတက်ကြွမှုများ ဖြစ်ပေါ်လာရန်၊ ကျန်းမာကြံခိုင်သန်စွမ်းသော ဝန်ထမ်းကောင်းများဖြစ်လာစေရန်နှင့် ဌာနအချင်းချင်းလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်မှု စွမ်းအားတိုးတက်မြင့်မားလာစေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း၊ ဥပဒေဘောင်အတွင်းမှ သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်အနိုင်ယူကစားကြရန် တိုက်တွန်းမှာကြား၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။
အဆိုပါပြိုင်ပွဲကို ဝန်ကြီးဌာနဘောလုံးအသင်း ၆ သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားကြပြီး အုပ်စု(၂)စုခွဲကာ ဩဂုတ်လ ၄ ရက်နေ့မှ ၁၄ ရက်နေ့ထိ ပွဲစဉ်ပေါင်း ၁၀ ပွဲဖြင့် ကျင်းပသွားမည်ဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဘောလုံးအားကစား ဝါသနာရှင်များနှင့် ဌာနဆိုင်ရာ ဝန် ထမ်းများက အဖွင့်ပွဲစဉ်အဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် တစ်ဖက်(၂)ဂိုးစီဖြင့် သရေ ရလဒ်ထွက်ပေါ်ခဲ့ကြောင်း သတင်းရသည်။
သတင်း - စောမျိုးမင်းသိန်း
မြန်မာနေရှင်နယ်ပို့စ်




No comments:
Post a Comment