MNP - သြဂုတ် ၅
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စီစဉ်ဖွင့်လှစ်သည့် အခြေခံအင်္ဂလိပ်စကား ပြောသင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့ နံနက် ၉ နာရီက ချောင်းသာမြို့ Azura Hotel ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်သူဦးက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအတွက် သင်ထာက်ကူနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်း သုံးပစ္စည်းများကို ပေးအပ်ခဲ့သည်။
အဆိုပါ အခြေခံအင်္ဂလိပ်စကားပြောသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သူဦးနှင့် တာဝန်ရှိသူများ၊ မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်နှင့် မြို့အဆင့်ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် သင်တန်းသား၊ သင်တန်းသူ(၅၀)ဦး တို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကာမှာ သြဂုတ်လ ၅ ရက် နေ့မှ စက်တင်ဘာလ ၃ လရက်နေ့အထိဖြစ် ကြောင်း သိရှိရသည်။
သတင်း - ကျော်ကျော်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment