ဖားဆောင်းမြို့ မြောက်ပိုင်းရပ်ကွက် (အထက)ကျောင်းတွင် အသက်(၅)နှစ်မှ အသက်(၁၈)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖားဆောင်းမြို့ မြောက်ပိုင်းရပ်ကွက် (အထက)ကျောင်းတွင် အသက်(၅)နှစ်မှ အသက်(၁၈)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ



MNP - သြဂုတ်   ၅


ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊တွင်ကျောင်းသား/သူများ ကျန်းမာစွာဖြင့် ပညာသင်ကြားနိုင်ရန်၊ ကိုဗစ်-၁၉ ရောဂါ ကွင်းဆက်ပြတ်တောက်နိုင်ရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရည်ရွယ်၍ ယနေ့ နံနက်(၉)နာရီက အသက်(၅)နှစ်မှ အသက်(၁၈)နှစ်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မြောက်ပိုင်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်သူနာပြု(၁) ဒေါ်သက်သက်ထွေးနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့် အညီဆေးမထိုးနှံပေးမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ဆေးထိုးပြီးသူများ မိနစ်(၃၀)ခန့် နားနေစောင့်ကြည့်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - နန်းသဲနုအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)