MNP - သြဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲဝင်(၁) ဗိုလ်မှူး ဖြိုးသူရကျော်၊ အတွင်းရေးမှူး ရဲမှူး မြင့်ရွှေနှင့် သက်ဆိုင်ရာမှ တာဝန်ရှိသူတို့သည် ယနေ့ နံနက် (၁၀)နာရီ အချိန်က ငပုတောမြို့အဝင် စစ်ဆေးရေးဂိတ်အား အဆင့်မြှင့်တင်ရန်နှင့် လုံခြုံရေးဆောင်ရွက်ထားမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် အဖွဲ့ဝင်(၁)ဗိုလ်မှူး ဖြိုးသူရကျော်က ယခင်မြို့အဝင် စစ်ဆေးရေးဂိတ်အား အဆင့်မြှင့်တင်ရန် အတွက် မြေနေရာတိုးချဲ့သတ်မှတ်ပေးပြီးနောက် လုံခြုံရေးဆောင်ရွက်နေကြသည့် တာဝန်ရှိသူများအား ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာနှင့် အဆင်ပြေစွာ နေထိုင်သွားလာနိုင်ရေး၊ အခြားမလိုလား အပ်သော ပြဿနာများ မဖြစ်ပေါ်စေရေးအတွက် အလေးထားဆောင်ရွက်ကြရန် လိုကြောင်းနှင့် စစ်ဆေးရေးဂိတ်သန့်ရှင်းသာယာမှုရှိရေးတို့ကို အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်း - အောင်သူ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment